Sunday, March 15, 2020

COVID-19 ပြဿနာကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ရေတို၊ ရေရှည်စီမံကိန်းများချမှတ်ပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး



ရန်ကုန်  မတ်  ၁၄
Coronavirus Disease 2019 (COVID-19)ကြောင့်   ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်  ကုစားရေးလုပ်ငန်းကော်မတီ၏  ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ရန်ကုန်(ရုံးချုပ်)၌ ကျင်းပသည်။  
အစည်းအဝေးသို့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊  လုပ်ငန်းကော်မတီအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးသိန်းဆွေ၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးတင်လတ်၊  ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးမင်းမင်း၊  လုပ်ငန်းကော်မတီအတွင်းရေးမှူး  ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ 

အလေးအနက်ထား ပြောကြား

အစည်းအဝေးတွင်  လုပ်ငန်းကော်မတီဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက COVID-19 ကြောင့် တိုင်းပြည်၏ စီးပွားရေးအပေါ် ဆိုးကျိုး သက်ရောက်စေနိုင်သည့် အခြေအနေများကို ကုစားရန်အတွက် ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အလေးအနက်ထား၍ ပြောကြားသည်။

ညှိနှိုင်းဆွေးနွေး

 ထို့နောက် COVID-19 ပြဿနာကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက် များ ရေတို၊ ရေရှည် စီမံကိန်းများချမှတ်၍ တုံ့ပြန်ရန်နည်းလမ်းများကို အစည်း အဝေးတက်ရောက်လာသူများက    အသေးစိတ်ဆွေးနွေးကြပြီး  အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့  ပူးပေါင်း၍   ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။                         

သတင်းစဉ်

No comments:

Post a Comment