Monday, March 9, 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲ တက်ရောက်



မြစ်ကြီးနား မတ် ၈

မြစ်ကြီးနားပညာရေးကောလိပ်၏ (၂၂) ကြိမ် မြောက် ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲကို မတ် ၈ ရက်  နံနက် ၈ နာရီခွဲတွင် ပညာရေး ကောလိပ် အားကစားခန်းမ၌ ကျင်းပသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆရာများ၏အလုပ်သည် စာသင်ရုံသက်သက် မဟုတ်ဘဲ ဆရာများသည် မိခင်ပေါင်းများစွာ၏ သားသမီးများကို လိမ္မာရေးခြားရှိအောင် ပြုပြင် ထိန်းကျောင်း သွန်သင်ရကြောင်း၊ ကောင်းသော အမှုကို ကျင့်ကြံတတ်ပြီး မကောင်းမှုကို ရှောင်ကြဉ် တတ်ရန် စသည့်  စာရိတ္တပိုင်းဆိုင်ရာ စိတ်ဓာတ်ကို ပြုပြင်ပေးရကြောင်း၊    ထို့ကြောင့်    နိုင်ငံ၏ အနာဂတ်လူ့အဖွဲ့အစည်းအတွက် ပြည့်စုံချမ်းသာ မှုတို့သည် ယနေ့ဆရာများ၏ လက်ဝယ်တွင်ရှိနေ ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော 
ဆရာများအဖြစ်သာမက တိုင်းပြည်နှင့် လူမျိုး၏ အားကိုးအားထားထိုက်သည့် စံနမူနာကောင်းပိုင်ရှင်
များအဖြစ်   အစဉ်ကြိုးပမ်းကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက်     ကျောင်းအုပ်ဒေါ်ဥမ္မာမြင့်က ဆရာအတတ်ပညာဒီပလိုမာ   အပ်နှင်းပွဲ အခမ်း အနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး B.Ed တက်ရောက်ခွင့်ရှိသူ ၃၁ ဦး အပါအဝင် ဒီပလိုမာအောင်လက်မှတ်ရ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၃၂၈ ဦးတို့အား ဒီပလိုမာအောင်လက်မှတ်များကို ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment