Saturday, March 7, 2020

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကိစ္စ သတင်းရယူပြီး ပြန်လည်ထွက်ခွာစဉ် ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်းမှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျမှုဖြစ်ပွား ရဟတ်ယာဉ်မှူးနှစ်ဦး(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိ



နေပြည်တော်   မတ်   ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင် မြို့နယ် ကောင်းခါးကျေးရွာ လွယ်ခမ် ကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများ၌  ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက် အထိ သိမ်းဆည်းရမိခဲ့သော ငွေကျပ် ၉၃  ဘီလီယံကျော်တန်ဖိုးရှိ   မူးယစ် ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ် ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်  ဆက်စပ်ပစ္စည်းများအား ယနေ့နံနက် ပိုင်းတွင် ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာများမှ သတင်းထောက်များ၊ စစ်သံမှူးများက       တပ်မတော် လေယာဉ်၊     ရဟတ်ယာဉ်များဖြင့် သွားရောက်သတင်းရယူစဉ် ရဟတ် ယာဉ်တစ်စင်း စက်ချို့ယွင်းမှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး  ရဟတ်ယာဉ်မှူးနှစ်ဦး    (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း   သိရ သည်။

ကျွမ်းကျင်စွာထိန်းသိမ်း

ဖြစ်စဉ်တွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံမှူးများ    အဖွဲ့သည်   လားရှိုးမှ ကောင်းခါးနှင့် လွယ်ခမ်သို့ ရောက်ရှိခဲ့ပြီး သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများအား ကြည့်ရှုသတင်းရယူ ၍  ညနေ ၃ နာရီ မိနစ် ၄၀ ခန့်၌  ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာစဉ်  ရဟတ်ယာဉ် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ သဖြင့် မြေပြင်သို့ ပြန်လည်ပြုတ်ကျ မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ စက်ချို့ယွင်း မှုဖြစ်ပွားခဲ့သော်လည်း ရဟတ်ယာဉ် မှူးများက ကျွမ်းကျင်စွာ ထိန်းသိမ်း နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုအနည်းဆုံး ဖြင့် မြေပြင်ပေါ် သို့ ရောက်ရှိခဲ့ကြောင်း။
ထိုသို့ ဖြစ်ပွားမှုကြောင့် ရဟတ် ယာဉ်မှူး နှစ်ဦးသာ(မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး   ပြည်တွင်း၊ ပြည်ပ မီဒီယာများမှ   သတင်းထောက်များ၊ စစ်သံမှူးများ ထိခိုက်ဒဏ်ရာ တစ်စုံ တစ်ရာရရှိမှုမရှိဘဲ ကျန်ရဟတ်ယာဉ် များဖြင့်  ဆက်လက်ပို့ဆောင်ခဲ့ရာ လားရှိုးမြို့သို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိကာ ထိုမှတစ်ဆင့် ရန်ကုန် မြို့သို့ တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ခဲ့ရာ ည ၇ နာရီ မိနစ်၂၀ တွင်  ပြန်လည်ရောက်ရှိခဲ့ ကြောင်း  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။   

          သတင်းစဉ်
ဓာတ်ပုံ-တပ်မတော်
သတင်းမှန်ပြန်ကြားရေး

No comments:

Post a Comment