Saturday, March 7, 2020

နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များနှင့် ၂၀၂၀ ပြည့်နှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း



နေပြည်တော်  မတ်  ၆

နိုင်ငံတော်သံဃမဟာနာယက  ဆရာတော်ကြီးများ၊  တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များနှင့် ၂၀၂၀ ပြည့်နှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်  ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ  သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။              


အဆိုပါ အခမ်းအနားသို့   နိုင်ငံတော် သံဃမဟာနာယက   အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့  ဗန်းမော်ကျောင်းတိုက် ဆရာတော်  အဘိဓဇ  မဟာရဋ္ဌဂုရု၊ အဘိဓဇ  အဂ္ဂမဟာ   သဒ္ဓမ္မဇောတိက  ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူး ပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး  ဒုတိယ သမ္မတ   ဦးမြင့်ဆွေ၊   အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး  နန့်ကြင်ကြည်၊   ပြည်ထောင်စု တရားသူကြီးချုပ်   ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌ     ဦးမျိုးညွန့်၊             ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ  ဦးလှသိန်းနှင့်ဇနီး   ဒေါ်အေး သီတာ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း)     ဒုတိယဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့်ဇနီး    ဒေါ်သန်းသန်းနွယ်၊  ပြည်သူ့လွှတ်တော်      ဒုတိယဥက္ကဋ္ဌ  ဦးထွန်းထွန်းဟိန်၏ဇနီး  ဒေါက်တာ  စိန်စိန်သိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စု      စာရင်းစစ်ချုပ်၊         ပြည်ထောင်စုရာထူးဝန်အဖွဲ့   ဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊  ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊  ရေ၊  လေ)၊     နေပြည်တော်တိုင်း    စစ်ဌာနချုပ် တိုင်းမှူး၊      ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊    နေပြည်တော် ကောင်စီဝင်များနှင့်  ၎င်းတို့၏    ဇနီး များ၊    အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  တာဝန် ရှိသူများနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ကပ်လှူပူဇော်

အခမ်းအနားမစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်း စုကြည်သည်        သာသနာ့မဟာ ဗိမာန်တော်အတွင်း     ကိန်းဝပ် စံပယ်တော်မူသည့်  ဗုဒ္ဓရုပ်ပွားတော် မြတ်အား       ဖူးမြော်ကြည်ညိုပြီး မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး           ဒေါ်ချိုချို၊ နိုင်ငံတော်၏    အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  ပရိသတ် များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ    ဗန်းမော်ကျောင်းတိုက် ဆရာတော်ထံမှ    ငါးပါးသီလခံယူ ဆောက်တည်ကြပြီး     ဆရာတော်၊ သံဃာတော်များ  ရွတ်ပွားသရဇ္စျာယ် တော်မူသည့်     မေတ္တသုတ်ပရိတ်တရား တော်ကို နာယူကြသည်။

ဆက်ကပ်လှူဒါန်း

ထို့နောက်   နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က       နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ    မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်   ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂ မဟာသဒ္ဓမ္မဇောတိက   ဒေါက်တာ ဘဒ္ဒန္တ  ကုမာရာဘိဝံသနှင့်  ပျဉ်းမနား မြို့     မဟာဝိသုတာရာမ   ဈေးကုန်း ကျောင်းတိုက်  ဆရာတော်  အဘိဓဇ မဟာရဋ္ဌဂုရု နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တကဝိသာရတို့ထံ လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍     နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့    အကျိုးတော် ဆောင်  သန်လျင်မြို့  မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် မြင်းခြံမြို့ ချောင်းဒေါင်း စာသင်တိုက်ဆရာတော်      ဘဒ္ဒန္တ ကေလာသတို့ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက်      ဒုတိယသမ္မတ ဦးမြင့်ဆွေက   ညောင်လေးပင်မြို့ ပန်းငွေရုံတောရ      စာသင်တိုက် ဆရာတော်    ဘဒ္ဒန္တ      သုမနနှင့်             မွန်ပြည်နယ်      မြို့လယ်ကျောင်း  စာသင်တိုက်   ဆရာတော်  ဘဒ္ဒန္တ ဇောတိပါလတို့ထံ    လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၏  ဇနီး   နန့်ကြင်ကြည်က ရန်ကုန်မြို့    ကျောက်ကုန်းတောရ မေဒိနီစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ကောဝိဒဓဇနှင့် မကွေးမြို့ သံဃာရာမ ကျောင်းတိုက်  ဆရာတော်   ဘဒ္ဒန္တ စိန္တာသာရတို့ထံ    လည်းကောင်း၊ ပြည်ထောင်စု     တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက    မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်   စည်ရှင် ကျောင်း ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာ ဘိဝံသနှင့် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ  နန္ဒမာလာဘိဝံသ တို့ထံလည်းကောင်း လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက်    နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ     ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်က ပွင့်ဖြူမြို့နယ် ရွာသာ ကျောင်းတိုက်ဆရာတော်    ဘဒ္ဒန္တ ပညာဝံသနှင့်  သီတဂူဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရတို့ထံ     လည်းကောင်း၊   ပြည်ထောင်စု       ရွေးကောက်ပွဲ                  ကော်မရှင်ဥက္ကဋ္ဌ    ဦးလှသိန်းနှင့်ဇနီး  ဒေါ်အေးသီတာတို့က    ညောင်ဦးမြို့ ရွှေမင်းဝန်ကျောင်းတိုက်ဆရာတော်   ဘဒ္ဒန္တဝိမလနှင့်     တောင်ကုတ်မြို့ စေတျာရာမ  ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသူရိယဓဇ တို့ထံ လည်းကောင်း၊   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း)     ဒုတိယဗိုလ်ချုပ်မှူးကြီး       စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က မြစ်သားမြို့ မင်းကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝေဠုရိယနှင့်  မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု    ဗဟိုကျောင်း ဆရာတော် ဘဒ္ဒန္တဘဒ္ဒိယတို့ထံ  လည်းကောင်း လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်    ပြည်သူ့လွှတ်တော်   ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊  ပြည်ထောင်စုစာရင်းစစ်ချုပ်၊    ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊   ဒုတိယ ဝန်ကြီးများ၊   ဒုတိယရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဝင် များနှင့်  အမြဲတမ်းအတွင်းဝန်များက သာသနာတော်ဆိုင်ရာ   ဘွဲ့တံဆိပ်တော်  ဆက်ကပ်ခံယူမည့်   ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍    နိုင်ငံတော်သမ္မတ  ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ  မန်းဝင်းခိုင်သန်း၏ ဇနီး နန့်ကြင်ကြည်၊   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်       ဥက္ကဋ္ဌ ဦးလှသိန်း၏ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးထွန်းထွန်းဟိန်၏ဇနီး   ဒေါက်တာစိန်စိန်သိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီး များနှင့် တာဝန်ရှိသူများက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် တော်    ဆက်ကပ်ခံယူမည့်   သီလရှင်ဆရာကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက်     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့   အကျိုးတော်ဆောင် သန်လျင်မြို့  မင်းကျောင်း ပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ  ဧည့်ပရိသတ်များက အနုမောဒနာ တရား  နာယူကြပြီး   လှူဒါန်းမှုအစုစုတို့အတွက်  ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊         နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက  ကြွရောက် ချီးမြှင့်တော်မူကြသည့် ဆရာတော်ကြီးများနှင့်          သီလရှင် ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ 

သတင်းစဉ်                                                                                                                     

No comments:

Post a Comment