နေပြည်တော် မတ် ၆
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ဆောက်ရေးအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သန့်စင်ပြီးရွှေ ၁၅ ပဲရည် ၂၄၂ ဂရမ် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်ဖြစ်သည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးအတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာနမှ သန့်စင်ပြီးရွှေ ၁၅ ပဲရည် ၂၄၂ ဂရမ်ကို ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
သတင်းစဉ်
No comments:
Post a Comment