Thursday, March 19, 2020

အင်းဝဘဏ်လီမိတက်၏ ဘဏ်ခွဲ ၆၆ ခုမြောက် ချောက်မြို့ဘဏ်ခွဲဖွင့်လှစ်




ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၂ ဦး၊ ရပ်နေသော လူများ နှင့် အပြင်ဘက်
ချောက် မတ် ၁၈



၂၀၂၀ ပြည့်နှစ်၊ (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အင်းဝ ဘဏ်လီမိတက်၊ ချောက်မြို့ဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က အဆိုပါဘဏ်ခွဲ ပရဝဏ်တွင် ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ အင်းဝ ဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ နှင့် တာဝန်ရှိသူများက အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းက အင်းဝဘဏ်လီမိတက်၊ ချောက်မြို့ ဘဏ်ခွဲ ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးကာ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည် တော်များနှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်လိုက်သော အင်းဝ ဘဏ်လီမိတက်၊ ချောက်မြို့ဘဏ်ခွဲ သည် အင်းဝဘဏ်လီမိတက်၏ ၆၆ ခုမြောက် ဘဏ်ခွဲဖြစ်ပြီး အမှတ် (၄၇-က)၊ လမ်းမတော်လမ်း၊ ကွက်သစ်အရှေ့ရပ်၊ အမှတ်(၁၀)ရပ်ကွက်၊ ချောက်မြို့တွင် ဖွင့်လှစ် ထားရှိသည်။
အင်းဝဘဏ်လီမိတက် အနေဖြင့် မြန်မာနိုင်ငံအဝန်းရှိ ပြည်သူများ အကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု များ အဆင်ပြေလွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment