Thursday, March 19, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ဇီ၀ဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်ဖြေဆိုနေမှု ကြည့်ရှုအားပေး




ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၅ ဦး၊ ထိုင်နေသော လူများ၊ ရပ်နေသော လူများ၊ စားပွဲ နှင့် အခန်းတွင်း
နေပြည်တော် မတ် ၁၈



ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်ပိုင်းတွင် ပျော်ဘွယ် မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ပန်းစုံ) စာစစ် ဌာန၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သတ္တမနေ့ ဇီ၀ဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှု၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းများဆောင် ရွက်နေမှုနှင့် စာစစ်ဌာနအတွင်း ဖွင့်လှစ်ထားသည့် ယာယီကျန်းမာရေး ဆေးပေးခန်းတို့ကို ကြည့်ရှုစစ်ဆေး သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ် ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စနစ် တကျစည်းကမ်းရှိစွာနှင့် စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ မသမာမှု ကင်း၍ လုံခြုံမှုရှိစေရေးတို့ကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရမည် ဖြစ် ကြောင်း၊ စာဖြေခန်းများတွင် တစ်ခန်း လျှင် စာဖြေသူ ၃၀ နှုန်း၊ တစ်ဦးလျှင် ၂၄ စတုရန်းပေနှင့် လေဝင်လေထွက် ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စာဖြေသူများတွင် ကိုယ် အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း နှင့် နှာချေခြင်းများရှိပါက ကျန်းမာ ရေးဆေးခန်းနှင့် ဆေးရုံသို့ သတင်း ပေးပို့၍ ကုသမှုခံယူနိုင်အောင်ဆောင် ရွက်ပေးရန် အရေးကြီးပါကြောင်း။
စာမေးပွဲခန်းများ၌ လက်ဆေး ရန်ဆပ်ပြာများနှင့် Hand Gel များကို အလုံအလောက်ထားရှိ၍ စနစ်တကျ အသုံးပြုရေးကို ကြီးကြပ်ပေးရန် လိုအပ်ပါကြောင်း၊ စာမေးပွဲခန်းစောင့် ဆရာ ဆရာမများ ဖျားခြင်း၊ နှာချေ ခြင်း၊ ချောင်းဆိုးခြင်းစသည့် ရောဂါ လက္ခဏာများ ခံစားနေရပါက စာမေး ပွဲခန်း မစောင့်စေဘဲ သက်ဆိုင်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပေးပို့၍ ကုသမှုခံယူရန် လိုအပ်ပါကြောင်း၊ လိုအပ်ပါက သီးခြားနေရာသတ်မှတ်၍ စာမေးပွဲ ဖြေဆိုနိုင်အောင် စီစဉ်ထားရှိရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအချက် များကို လိုက်နာကူညီဆောင်ရွက် ပေးကြသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မိဘပြည်သူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ရမည်းသင်းမြို့နယ် အခြေခံ ပညာအထက်တန်းကျောင်း(ရွှေဒါး) စာစစ်ဌာန၊ တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်လွန့်)နှင့် အခြေခံပညာ အထက်တန်းကျောင်း (MRTV)စာစစ် ဌာနများ၌ ကျောင်းသား ကျောင်းသူ များ စာမေးပွဲဖြေဆိုနေမှုနှင့် စာမေးပွဲ ဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှု များကို ကြည့်ရှုအားပေးသည်။
သတင်းစဉ်

No comments:

Post a Comment