ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး
တောင်ကိုရီးယားနှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီးတို့ ဆွေးနွေး
တောင်ကိုရီးယားနှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီးတို့ ဆွေးနွေး
ဆိုးလ် ဖေဖော်ဝါရီ ၅
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဂျောင်ကျောင်ဒိုး သည် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်းနှင့် နယူးဒေလီမြို့တော်၌ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကာကွယ် ရေးလုပ်ငန်းတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြ ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ပြောကြားသည်။
ယမန်နေ့ကကျင်းပသည့် တွေ့ဆုံမှုအတွင်း သုတေ သနနှင့် ဖွံ့ဖြိုးရေးအပါအဝင် ကာကွယ်ရေးလုပ်ငန်း နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည့် “ကာကွယ် ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုလမ်းညွှန်မြေပုံ” ကို အပြီးသတ်ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာန၏ ပြောကြား ချက်အရ သိရသည်။ လမ်းညွှန်မြေပုံအရ “Make in India” မူဝါဒနှင့်အညီ အိန္ဒိယနိုင်ငံရှိ တောင်ကိုရီးယားလုပ်ငန်း အပေါ် စည်းမျဉ်းများဖြေလျှော့ရန် အိန္ဒိယနိုင်ငံက ကတိပြု သလို သဘောတူညီချက် အကောင်အထည်ဖော်ဆောင်မှုကို ကြီးကြပ်မည့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ တစ်ခုဖွဲ့စည်း ရန် နှစ်နိုင်ငံစလုံးက သဘောတူခဲ့သည်။ လမ်းညွှန်မြေပုံက စစ်လက်နက်ပစ္စည်းလုပ်ငန်းများ၏ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုအတွက် အခန်းကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ပေး ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်းက မျှော်လင့်သလို အိန္ဒိယနိုင်ငံရှိ တောင်ကိုရီးယားကုမ္ပဏီများ ကို တက်ကြွစွာ ပံ့ပိုးကူညီရန် ကတိပြုခဲ့သည်ဟု အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြား သည်။
ဒုတိယဝန်ကြီးအဆင့် ဆွေးနွေးမှုများတွန်းအားပေးလုပ်ဆောင်ခြင်းဖြင့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်မည့် ကြိုးပမ်းမှုများလုပ်ဆောင်ရန် ၎င်းတို့ နှစ်ဦးက သဘောတူခဲ့သလို ပူးတွဲစစ်ရေးလေ့ကျင့်မှုများ နှင့်ပတ်သက်သည့် အမြင်များဖလှယ်ခဲ့ကြသည်။ ဆွေးနွေး မှုအတွင်း နျူလက်နက်ဖျက်သိမ်းရေးနှင့် ကိုရီးယား ကျွန်းဆွယ်၌ တာရှည်ခံသော ငြိမ်းချမ်းရေးရရှိမည့် ဆွေးနွေးမှုများပြုလုပ်ရေး အိန္ဒိယနိုင်ငံက မြောက်ကိုရီး ယားနိုင်ငံကို ဆက်လက်တိုက်တွန်းရန် ဂျောင်ကျောင်ဒိုး က တောင်းဆိုခဲ့သည်။ ဂျောင်ကျောင်ဒိုးသည် လေးရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၃ ရက်မှစတင်၍ အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း ၎င်းသည် အိန္ဒိယနိုင်ငံ လပ်ခနောင်းမြို့တော်၌ ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ ကျင်းပမည့် အာရှတိုက်၏ အကြီးမားဆုံးသော ကာကွယ်ရေးပစ္စည်းပြပွဲတစ်ခုဖြစ်သည့်DEFEXPO 2020 သို့ တက်ရောက်ရန် စီစဉ်နေသည်။
အဆိုပါ DEFEXPO 2020 ပြပွဲ၌ တောင်ကိုရီးယား ကုမ္ပဏီ ၁၂ ခုအပါအဝင် ကမ္ဘာ့နိုင်ငံ ၃၀ မှ ကုမ္ပဏီ ၇၀၀ ခန့် ပါဝင်ပြသမည်ဟု မျှော်မှန်းရသည်။
ကိုးကား - ယွန်ဟတ်
ဘာသာပြန် - ကျော်ထိုက်စိုး
ဘာသာပြန် - ကျော်ထိုက်စိုး
No comments:
Post a Comment