တောင်တန်း၊ ပြည်မ မခွဲခြားဘဲ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်ကြရမည်
===============================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးနိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား-

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။
ရှေးနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ချစ်ကြည်ရင်းနှီး စွာ အတူတကွနေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံးကာ ဗြိတိသျှကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့သည်။ သူ့ကျွန်မခံလိုသော မြန်မာတိုင်းရင်းသားများသည် ဗြိတိသျှ တို့အား နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြပြီး ဗြိတိသျှတို့ကလည်း တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲပြားစေရန် တောင်တန်းဒေသနှင့် ပြည်မကို ခွဲခြားပြီး သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် တစ်မျိုးသားလုံး သွေးစည်းညီညွတ်စွာ ကြိုးပမ်းခဲ့ကြပါသည်။ နယ်ချဲ့တို့သည် လွတ်လပ်ရေး ပေးရာတွင်
တောင်တန်းဒေသများကို ချန်လှပ်ထားရန် ကြိုးစားခဲ့သည့်အတွက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ရှမ်းပြည်နယ်မှခေါင်းဆောင်များ၊ အခြားတောင်တန်းဒေသ များမှ ခေါင်းဆောင်များ ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် တွေ့ဆုံဆွေးနွေးပြီး တောင်တန်း၊ ပြည်မ အတူတကွလွတ်လပ်ရေးရယူလိုကြောင်းကို သဘော တူညီမှုရရှိအောင် ကြိုးပမ်းခဲ့ရပါသည်။
(၇၃)နှစ်မြောက် တိုင်ခဲ့ပြီ
ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် မြန်မာပြည်မနှင့် အတူ မနှေးအမြန်ပေါင်း၍ လွတ်လပ်ရေးရယူမည်ဟူသော သဘောတူ ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ်နိုင်ခဲ့ပါသည်။ ထိုသို့ တောင်တန်း၊ ပြည်မ မခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးကို အတူတကွရယူရန် ဆုံးဖြတ်နိုင်ခဲ့သော ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခုဆိုလျှင် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်လာခဲ့သည်မှာ (၇၃)နှစ်မြောက်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော် လည်း တိုင်းရင်းသားညီအစ်ကိုအချင်းချင်းအကြား စိတ်ဝမ်းကွဲပြားခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့ရာ ယနေ့ထက်တိုင် အချို့သောဒေသ များတွင် သေနတ်သံများမစဲနိုင်သေးဘဲ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲ ဖြစ်နေရသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်ပါသည်။ ပြည်ထောင်စုကို အတူတကွ တည်ထောင်ခဲ့ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားခေါင်းဆောင်ကြီး များ၏ မျှော်လင့်ချက်အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် အမျိုးသား တန်းတူရေး၊ အမျိုးသားညီညွတ်ရေး၊ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေး များကို အာမခံချက်အပြည့်အဝပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးကိုလည်း မျက်ခြည်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုကို အတူတကွတည်ထောင်ပြုခဲ့ကြသည့် မိမိတို့၏ ဘိုးဘွား မိဘ တိုင်းရင်းသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးကို ရည်မှန်းလျက် ယခုအခါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံအစည်းအဝေးများကို ကျင်းပလျက်ရှိရာ တတိယအကြိမ်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် ဆိုင်ရာ အခြေခံမူအများအပြားကို သဘောတူညီမှုရရှိထားပြီး ဖြစ်ပါသည်။ ဆက်လက်၍လည်း “ငြိမ်းချမ်းမှ တည်ငြိမ်၊ တည်ငြိမ်မှ ဖွံ့ဖြိုး၊ ဖွံ့ဖြိုးမှ ခေတ်မီ” ဆိုသည့်အတိုင်း တောင်တန်း၊ ပြည်မ ခွဲခြားခြင်းမရှိဘဲ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက် လာရေးအတွက် မိမိတို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုရရှိမည်
တိုင်းရင်းသားညီအစ်ကိုမောင်နှမများကြားတွင် ၁၉၄၇ ခုနှစ်၌ ပင်လုံ မြို့တွင် တည်ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုမျိုး ပြန်လည်ရရှိမည်ဟု ကျွန်တော့်အနေဖြင့် အခိုင်အမာ ယုံကြည်ထားပါသည်။ လွန်ခဲ့သော (၇၃)နှစ်၌ ရှမ်းပြည်နယ်၊ ပင်လုံမြို့ကလေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသနိုင်သည့်အတွက် တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိခဲ့ သလို ယနေ့အချိန်အခါတွင်လည်း တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှု အင်အားဖြင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုရရှိမည် ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ် သို့မဟုတ် ပင်လုံစိတ်ဓာတ်ဖြင့် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ပြည်ထောင်စုအတွက် အတူတကွ အုတ်မြစ်ချခဲ့ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့ကြပြီး ဖြစ်ပါသည်။ ဤလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရန်၊ တိုင်းရင်းသားခေါင်းဆောင်ကြီး များ မျှော်မှန်းခဲ့သော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ကျွန်တော်တို့ ခေတ်၊ ကျွန်တော်တို့အခါတွင်လည်း ပင်လုံစိတ်ဓာတ်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဖြစ်ပါသည်။
အဓိကမောင်းနှင်အားဖြစ်
တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို အခြေခံလျက် သံသယ များဖယ်ရှားကာ ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ကြရမည်ဖြစ်ပါ သည်။ တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှုသည် ပြည်ထောင်စုကြီး ၏ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင် အား ဖြစ်ပါသည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တရားမျှတခြင်း၊ လွတ်လပ် ခြင်း၊ သာတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်း ချက်ပန်းတိုင်ကို မလွဲမသွေ အောင်မြင်စွာရောက်ရှိရေးအတွက် စည်းလုံး ညီညွတ်စွာ ပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်း လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
နိုင်ငံတော်သမ္မတ
No comments:
Post a Comment