တူရကီစောင့်ကြည့်ရေးစခန်းများမှ ဆီးရီးယားတပ်ဖွဲ့များ
နောက်ဆုတ်ပေးရန် ဆီးရီးယားကို အာဒိုဂန် တိုက်တွန်း

အန်ကာရာ ဖေဖော်ဝါရီ ၅
မကြာသေးမီက တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အီဒလစ်ပြည်နယ်ရှိ တူရကီစစ်ဘက်စောင့်ကြည့်ရေး စခန်းများမှ ဆီးရီးယားတပ်ဖွဲ့များကို ရုပ်သိမ်းပေးရန် တူရကီသမ္မတ အာဒိုဂန် က ဆီးရီးယားကို ဗုဒ္ဓဟူးနေ့က တိုက်တွန်းပြောကြားသည်။
လတ်တလောတွင် မိမိတို့၏ စောင့်ကြည့်ရေးစခန်း ၁၂ ခုအနက် နှစ်ခု သည် ဆီးရီးယားရှေ့တန်းတပ်များ၏ နောက်ဘက်တွင်ရှိနေကြောင်း၊ ဖေဖော်ဝါရီ လမကုန်မီတွင် ဆီးရီးယားတပ်ဖွဲ့များသည် မိမိတို့၏ စောင့်ကြည့်ရေးစခန်းများမှ ဆုတ်ခွာမည်ဟု မျှော်လင့်ကြောင်း တူရကီသမ္မတ အာဒိုဂန်က အန်ကာရာတွင် ပြုလုပ်သည့် အာဏာရပါတီ၏ အစည်းအဝေးတွင် ပြောကြားသည်။ ဆီးရီးယား တပ်ဖွဲ့များ ဆုတ်ခွာခြင်းမရှိပါက တူရကီအနေဖြင့် ၎င်းကိစ္စကို တာဝန်ယူ၍ ကိုယ်တိုင် ဆောင်ရွက်မည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားသည်။ ပဋိပက္ခများကြောင့် ယိုယွင်းနေသည့် ဆီးရီးယားနိုင်ငံတွင် အတိုက်အခံများ၏ နောက်ဆုံးခံတပ်ဖြစ် သည့် အီဒလစ်ပြည်နယ်တွင် ဆီးရီးယားအစိုးရတပ်များ၏ တိုက်ခိုက်မှုကြောင့် တူရကီတပ်သားရှစ်ဦးနှင့် အရပ်သားများ တနင်္လာနေ့က သေဆုံးခဲ့သည်။

တူရကီနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် ၎င်း၏တပ်များကို ဆီးရီးယားသို့ စေလွှတ်ခဲ့ချိန်မှစ၍ ပြင်းထန်သည့်တိုက်ပွဲများအတွင်း ဆီးရီးယားတပ်ဖွဲ့ဝင် အနည်းဆုံး ၁၃ ဦးကို လက်တုံ့ပြန်သည့်အနေဖြင့် သတ်ဖြတ်ခဲ့သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောသည်။
အာဒိုဂန်က ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၏ အစိုးရကို အဓိကထောက်ပံ့ကူညီနေသည့် ရုရှားနိုင်ငံကို ဒေသတွင်း ငြိမ်းချမ်းရေးသဘော တူညီချက် တည်တံ့ခိုင်မာအောင်လုပ်ရန် ပျက်ကွက်သည်ဟု ဝေဖန်ခဲ့သည်။

ယခုအချိန်မှစ၍ မိမိတို့အနေဖြင့် သဘောတူညီချက်များကို ချိုးဖောက်ရာ ရောက်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို လျစ်လျူရှုမည်မဟုတ်ကြောင်း၊ တူရကီတပ်ဖွဲ့၏ လေတပ်နှင့် မြေပြင်တပ်ဖွဲ့များသည် အီဒလစ်ဒေသတွင် လွတ်လပ်စွာလှုပ်ရှားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက စစ်ဆင်ရေးများပြုလုပ်မည် ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားသည်။
ရုရှားနိုင်ငံနှင့် ပြုလုပ်သည့် ၂၀၁၈ ခုနှစ် ဆိုချီသဘောတူစာချုပ်၏ တစ်စိတ် တစ်ဒေသအနေဖြင့် တူရကီနိုင်ငံသည် အီဒလစ်ပြည်နယ်တွင် စောင့်ကြည့်ရေး စခန်း ၁၂ ခုကိုတည်ထောင်ခဲ့ပြီး ယင်းစခန်းများအနက် စခန်းတစ်ခုကို ဆီးရီးယား အစိုးရတပ်ဖွဲ့များက ဒီဇင်ဘာလက ဝိုင်းရံပိတ်ဆို့ခဲ့ကြောင်း သိရသည်။

ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - အောင်ဇော်လင်း
No comments:
Post a Comment