ဆောင်းပါး
======
======
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး
====================================
====================================
မြင့်စိုး (နတလ)
========
========
မြန်မာဆိုသည်မှာ
မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ(၃)တွင် မြန်မာ ဟူသောအမည်ကို ဖွင့်ဆိုထားသည်မှာ '' မြန်မာနိုင်ငံတွင် နှစ်ကာလရှည်စွာ အစဉ်အဆက်ပျံ့နှံ့စွာ အတူတကွ အခြေစိုက်နေထိုင်သော တိုင်းရင်းသားလူမျိုး''ဟူ၍ ဖြစ်သည်။ တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသားအားလုံး၏ အများဆိုင်နာမည်ဖြစ်ပြီး နိုင်ငံ အမည်ကလည်း မြန်မာ၊ ဤနိုင်ငံဖွား တိုင်းရင်းသား အားလုံး၏ အမည်ကလည်း မြန်မာပင်ဖြစ်ပါသည်။ မြန်မာ့မြေဖွား မြန်မာများသည် တောင်ပေါ်မြေပြန့်အနှံ့ ရေကြည်ရာမြက်နုရာ ရှာဖွေအခြေစိုက် နေထိုင်ကြရင်း ရေမြေတောတောင်သဘာဝ၊ ရာသီဥတု၊ ဘာသာစကား နှင့် ယဉ်ကျေးမှုထုံးတမ်းဓလေ့များပေါ်တွင် မူတည်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူ၍ တိုင်းရင်းသားမျိုးနွယ်စုကြီး ရှစ်ခု၊ လူမျိုးအားဖြင့် တစ်ရာကျော်ဖြစ်တည်လာကြခြင်းဖြစ်သည်။ မည်သို့ပင် တစ်ရာကျော်စေကာမူ အားလုံး၏ အများဆိုင်နာမ်မှာ မြန်မာလူမျိုးဟူ၍ပါတည်း။
မြန်မာဟူသောဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို ကုန်းဘောင်မင်းဆက်ရာဇဝင် ဆရာဦးမောင်မောင်တင်၏ ရွှေနန်းသုံးဝေါဟာရအဘိဓာန်တွင် ဖွင့်ဆိုထားသည်မှာ မြန်ဆိုသည့်သဒ္ဒါသည် စစ်ချီစစ်တက်ခြင်းမှစ၍ ခက်ခဲသော အရေးအကြောင်းနှင့် တွေ့ဆုံကြုံကြိုက်သည့် အခါ ဤအရေးကို ပြီးစီးအောင်မြင်ရန် ဇဝနဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်တို့ဖြင့် လျင်မြန်စွာကြံစည်တတ်သော သတ္တိဂုဏ်နှင့် ပြည့်စုံခြင်းဟူ၍လည်းကောင်း၊ မာဆိုသည့် သဒ္ဒါမှာ မည်သည့်အရာကိစ္စမဆို လိုရာဆန္ဒအာသီသ နှလုံးသွင်းအတိုင်း ပေါက်မြောက်အောင် မလျှော့သော လုံ့လဖြင့် ဇာတိသွေး ဇာတိမာန် ခက်ထန်တင်းမာသော စိတ်ရင်းသတ္တိဂုဏ်နှင့် ပြည့်စုံခြင်းဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း သိရသည်။
ကျွန်တော်တို့နိုင်ငံသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖြစ်သည်။ မြန်မာနိုင်ငံဟုလည်း ခေါ်ကြ သည်။ မြန်မာပြည်ဟူ၍လည်း ခေါ်နိုင်ပါသေးသည်။ သို့သော်... အချို့က ဗမာပြည်ဟု အလွယ်ခေါ်ဝေါ်ပြောဆို နေကြသည်။ ယနေ့အချိန်ကာလသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းတည်ဆောက်နေသောကာလ ဖြစ်သည်။ ဗမာ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းက လူမျိုးတစ်မျိုး၏ အမည်သာဖြစ်ကြောင်း အားလုံးသိပြီးဖြစ်ပေသည်။
အင်အားအဖြစ်ပေါင်းစည်းကြပါစို့
မိမိတို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အနေဖြင့် လွတ်လပ်ရေးရခဲ့သော်လည်း ငြိမ်းချမ်းရေးမရ ခဲ့သည်မှာ နှစ်ပေါင်း (၇၀)ကျော်ခဲ့ပြီ။ ယုံကြည်ချက်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးဖြင့် လက်နက်စွဲကိုင် တိုက်ခိုက်နေခြင်း ကြောင့် အသက်ပေါင်းများစွာ၊ လူ့စွမ်းအားအရင်းအမြစ် ပေါင်းများစွာ၊ သယံဇာတပေါင်းများစွာ ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားလျက် အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရန်အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်း ရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းတည်ဆောက်သွားရန် အထူးပင်လိုအပ်သည်ဟု ယုံကြည်ထားပါသည်။
နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန် ဦးစားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးကို မျှော်မှန်း၍ ပြည်ထောင်စု တိုင်းရင်းသားများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို ကျင်းပနေခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးကြရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ KNUကရင်အမျိုးသား အစည်းအရုံး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ DKBA၊ KNU/ KNLA- PC၊ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။
NCA သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူ ညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ် နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ရည်ရွယ် ဖော်ဆောင်နေခြင်း ဖြစ်သည်။ NCA ၏ အခြေခံ သဘောတရားများအပေါ် အပြည့်အဝ ယုံကြည်သက်ဝင် စွာ ပါဝင်လက်မှတ်ရေးထိုးခြင်းအားဖြင့် မတူကွဲပြားမှု များကို အင်အားအဖြစ် ပေါင်းစည်းနိုင်မည်ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြိုးစားရုန်းကန်ကြရပေဦးမည်
ယနေ့ ကျွန်တော်တို့နိုင်ငံသည် နိုင်ငံတကာ အလယ်၌ ဖိအားပေါင်းများစွာ၊ ဝေဖန်မှုပေါင်းများစွာ၊ စွပ်စွဲမှုပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်ကို တိုင်းရင်းသား အားလုံးအသိပင် ဖြစ်သည်။ အချင်းချင်း မတူကွဲပြားမှု များအား ပေါင်းစည်းအားအဖြစ် မပြောင်းလဲနိုင်သေးသမျှ ကာလပတ်လုံး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးတို့ကို အပြည့်အဝ တည်ဆောက်နိုင်မည်မဟုတ်ပေ။ နိုင်ငံ၏ လက်ရှိအခြေအနေမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းသွားပြီဆိုဦးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်အောင် နှစ်ပေါင်းများစွာ ကြိုးစား ရုန်းကန်ကြရပေဦးမည်ဖြစ်သည်။
မိမိတို့၏ မျိုးဆက်သစ်များအတွက် ချန်ထားပေးခဲ့ ရမည့် နိုင်ငံတော်သည် စည်းလုံးညီညွတ်သော၊ အင်အား တောင့်တင်းခိုင်မာ၍ အများက လေးစားရသော နိုင်ငံတော် ဖြစ်ရပေမည်။ သို့ဖြစ်၍ ညီနောင်အချင်းချင်းတို့အကြား မတူကွဲပြားမှုများကို အင်အားအဖြစ် ပေါင်းစည်းပေး နိုင်ရေး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက် များနှင့်အညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

No comments:
Post a Comment