Wednesday, February 19, 2020

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast အား လက်ခံတွေ့ဆုံ



Image may contain: 4 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁၈


 

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဂျာမန် လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast နှင့် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ - ဂျာမနီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး၊ ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းအနေဖြင့် မြန်မာလွှတ်တော်များသို့ အကူအညီ ပေးလျက်ရှိသည့်ကိစ္စ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဇော်သိန်း၊ ဦးခင်အေးနှင့် ကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးဘိုဘိုဦး၊ ဦးခင်မောင်စိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment