Wednesday, February 19, 2020

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံးများ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




Image may contain: 5 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁၈



ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shops) များ ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ သည်။
အစည်းအဝေးသို့ ပြည်သူ့ ဝန်ဆောင်မှုရုံး (One Stop Shops) များ ထူထောင်ဖွင့်လှစ်အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လုပ်ငန်းကော်မတီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ လုပ်ငန်း ကော်မတီဝင်များနှင့် ဖိတ်ကြားထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ်များ စုစုပေါင်း ၂၀ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်သူ့ ဝန်ဆောင်မှုရုံး ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးတင်မြင့်က အမှာစကား ပြောကြားရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းလာရေးကို ဦးတည်လျက် ပြည်သူတို့၏ အခြေခံ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေသည့် ဝန်ဆောင်မှုများဆောင်ရွက် ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သောဝန်ဆောင်မှု အလေ့ အကျင့်များကို ပြုစုပျိုးထောင် ပေးနိုင်ရန်၊ ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာများအပေါ် အားကိုး ယုံကြည်မှု တိုးပွားလာစေရန်နှင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များ၊ ဦးစီးဌာနများအလိုက် အပြန် အလှန်ထိန်းကျောင်းမှုများ ပြုနိုင်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ပြည်သူ့ဝန်ဆောင်မှုရုံးများကို ၂၀၁၅ ခုနှစ် ဇူလိုင် ၇ ရက်မှ စတင်ဖွင့်လှစ် ခဲ့ရာ ယခုအချိန်အထိ ၃၁၆ ရုံး ဖွင့်လှစ်နိုင်ခဲ့ကြောင်း။
ပထမ ဒီမိုကရေစီအစိုးရ သက်တမ်းတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ ၂၀-၅-၂၀၁၅ ရက်စွဲပါ စာအရ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့ပါဝင်သော စုစုပေါင်း ၁၆ ဦးဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံးများ ထူထောင်ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် လက်ရှိဒုတိယဒီမိုကရေစီ အစိုးရသက်တမ်းတွင် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၂ ဦး စုစုပေါင်း ၁၅ ဦးဖြင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပါ ကြောင်း။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း သည် ကောင်းမွန်သော ရည်ရွယ်ချက် ဖြင့် စတင်ခဲ့သော လုပ်ငန်းဖြစ် သော်လည်း အရှိန်အဟုန်ဖြင့် အောင်မြင်ဖို့ရာ စိန်ခေါ်မှုများ၊ ကန့်သတ်ချက်များရှိသည်ကို တွေ့ရှိ ရပါကြောင်း၊ ယင်းကန့်သတ်ချက် များနှင့် စိန်ခေါ်မှုများကို တတ်နိုင် သမျှဖြေရှင်းပေးရန်နှင့် မိမိဌာန အလိုက် စွမ်းဆောင်မှုအရှိန်အဟုန် မြှင့်တင်ပေးရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြီးကြပ်ဆောင်ရွက် ပေးစေလိုပါကြောင်းနှင့် ပြည်သူ့ ဝန်ဆောင်မှုရုံးတွင် ပါဝင်သော ဌာန များမှ ဝန်ထမ်းများကိုလည်း လေ့ကျင့် သင်ကြားပေးခြင်း၊ လုပ်နည်းစနစ်ကို ဖြေလျှော့ပေးနိုင်သမျှ ဖြေလျှော့ ပေးခြင်းများ ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။
ထို့နောက် ကော်မတီ အတွင်း ရေးမှူးက ပြည်သူ့ဝန်ဆောင်မှုရုံးများ၌ ကြီးကြပ်သူ အရာရှိဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး များအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ခြောက်ကြိမ် ဖွင့်လှစ် ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့်လည်း အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါ ကြောင်း တင်ပြသည်။
တက်ရောက် လာကြသော ကော်မတီအဖွဲ့ဝင်များနှင့် ဌာန အကြီးအကဲများက ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်စေရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးတင်မြင့်က အစည်း အဝေးတက်ရောက်လာကြသူများ၏ အကြံပြုဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးရမည့် အချက်များအား ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment