Wednesday, February 19, 2020

နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အုတ်မြစ် အီလက်ထရောနစ် အစိုးရစနစ်


မြန်မာ့အလင်းအယ်ဒီတာအာဘော်



နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ (အိုင်စီတီ) က လွန်စွာအရေးကြီးသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာကို ဗဟိုပြု၍ အီလက်ထရောနစ်အစိုးရ (e - Government) ကို အကောင်အထည်ဖော် နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင် မည်ဖြစ်သည်။ မိမိတို့ နိုင်ငံအနေဖြင့် အီလက်ထရောနစ်အစိုးရ (e - Government) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သော်လည်း လက်ရှိအခြေအနေအရ e - Government သည် ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့် ၁၅၇ ဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ရာတွင်လည်း ဒေသ၏ပျမ်းမျှအောက်အဆင့် တွင်သာ ရှိနေသေးသည့်အလျောက် များစွာအားထုတ်ကြိုးပမ်းကြရ ဦးမည်ဖြစ်သည်။
“အီလက်ထရောနစ်အစိုးရ (e - Government) ကို အကျိုးတရား များစွာကို ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်ငန်းလုပ်ဆောင်မှုများ လွယ်ကူလျင်မြန် လာစေဖို့၊ လုပ်ငန်းများ ပိုမိုတွင်ကျယ်စေဖို့၊ ဆုံးဖြတ်ချက်များ မှန်မှန် ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ချနိုင်ဖို့၊ ဝန်ဆောင်မှုပေးရာမှာ တိုးတက် ကောင်းမွန်လာစေဖို့၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရာ မှာ ပွင့်လင်းမြင်သာမှုရှိစွာ တုံ့ပြန်မှုအားကောင်းစွာနဲ့ လျင်မြန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်စေဖို့၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးလာစေဖို့ ဖြစ်ပါတယ်။ e-Government ကို အကောင်အထည် ဖော်ခြင်းဖြင့် အစိုးရနဲ့ ပြည်သူ၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနအချင်းချင်း၊ အစိုးရနဲ့ နိုင်ငံ့ဝန်ထမ်းများအကြား ဝေးကွာ မှုတွေလျော့ကျလာပြီး အစိုးရဌာနများနဲ့ ဆက်ဆံဆောင်ရွက်တဲ့ကိစ္စတွေ လွယ်ကူလျင်မြန်လာစေမှာ ဖြစ်ပါတယ်” ဟူ၍ စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲဖွင့်ပွဲ အခမ်း အနားတွင် e-Government ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြား ရာ၌ ထည့်သွင်းပြောကြားခဲ့ရာ လုပ်ငန်းများ မြန်မြန်ဆန်ဆန်အကောင် အထည်ဖော်ပြီး e-Government ယန္တရားကြီး မြန်မြန်ဆန်ဆန် လည်ပတ်နိုင်သည်နှင့်အမျှ ယင်းအကျိုးတရားများကို မြန်မြန်ဆန်ဆန် ရရှိခံစားနိုင်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် e-Government စနစ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန်အတွက် e-Government ဦးဆောင် ကော်မတီနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီတို့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ လုပ်ငန်း များ အကောင်အထည်ဖော်ရာတွင် e-Government Master Plan ၏ လမ်းပြ မြေပုံပါ အဆင့် (၄)ဆင့်ကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကာလတို၊ ကာလလတ်၊ ကာလရှည် အကောင် အထည်ဖော်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာ နိုင်ငံ၏ e-Government ကို အကောင်အထည်ဖော်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲမှာ လူများ (ဝန်ထမ်းများနှင့် ဝန်ဆောင်မှု ရယူသူ ပြည်သူများ) နှင့် လက်ရှိစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ၊ ဖွဲ့စည်းမှု ပုံစံများကို ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် ပေါင်းစပ်အသုံးပြု နိုင်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်ကို မှတ်သားခဲ့ရဖူးသည်။
ယခုအခါ ကမ္ဘာကြီးသည် စတုတ္ထစက်မှုတော်လှန်ရေးခေတ် ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်နေပြီဖြစ်သည်။ ယင်းသို့သော အခြေအနေနှင့် လိုက်ပါပြောင်းလဲရာတွင် အဓိကအကျဆုံး အချက်မှာ နည်းပညာပိုင်း မဟုတ်ဘဲ လူကအဓိက ဖြစ်သည်။ ယနေ့ခေတ်တွင် နိုင်ငံအတွက် လိုအပ်သည့် နည်းပညာကို ငွေပေး၍ ဝယ်ယူရရှိနိုင်သော်လည်း အပြောင်းအလဲကို လိုက်ပါပြောင်းလဲလိုသည့် လူ၏ဆန္ဒကိုမူ ဝယ်ယူ၍ မရနိုင်ပေ။ အားလုံးက ပြောင်းလဲလိုသည့် စိတ်ဆန္ဒပြင်းပြစွာဖြင့် မိမိ တို့၏ အိုင်စီတီ ကျွမ်းကျင်မှုကိုလည်း မြှင့်တင်ကာ ပူးပေါင်းပါဝင်ကြမှသာ အီလက်ထရောနစ်အစိုးရစနစ်ကို အောင်အောင်မြင်မြင်ထူထောင် နိုင်ကာ ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်တို့ ရရှိနိုင်ကြမည်ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment