Thursday, February 20, 2020

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ




Image may contain: 3 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁၉ 



ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဖောင်ဒေးရှင်းအနေဖြင့် လွှတ်တော် လုပ်ငန်းစဉ်များ ဖွံ့ဖြိုးရေး၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် လွှတ်တော်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အကူအညီပေးလျက်ရှိသည့်ကိစ္စ၊ အနာဂတ်ရည်မှန်းချက် ဖြစ်သည့် လွှတ်တော်အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာ တွင် ယခုထက် ပိုမိုထိရောက်သည့် အကူအညီများ ဖြစ်စေရေး၊ လွှတ်တော်နှင့်ပြည်သူ ရင်းနှီးကျွမ်းဝင်မှု ပိုမို ရရှိနိုင်ရေးဆိုင်ရာ နည်းပညာကဏ္ဍမြှင့်တင်သွားနိုင်ရေး၊ ကျောင်းသားလူငယ်များ ဒီမိုကရေစီစနစ် အခြေခံသဘော တရားများ သိရှိနိုင်ရန် အသိပညာမျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံပွဲသို့ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment