Thursday, February 20, 2020

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၁၉


 

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင် အမှတ်(I-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဆို၊ မေးမြန်း ခဲ့သည့် မေးခွန်းများအနက် အတည်ပြုခဲ့သည့် အဆို၊ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ကော်မတီအဖွဲ့ဝင် များက မေးမြန်းဆွေးနွေး၍ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်နီနိုင်၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment