နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Department for
International Development – DFID (UKaid) ၏ External Team of Election
Experts ခေါင်းဆောင်ဖြစ်သူ Mr. Holly Ruthrauff နှင့် အဖွဲ့အား ယနေ့ နံနက်
၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထား သော စံ(၅)ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများနှင့် ဆင့်ပွားသင်တန်းများ ဆောင်ရွက်နေမှု၊ ပထမ အကြိမ် မဲပေးမည့်လူငယ်များအတွက် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှု၊ အမုန်းစကားများ၊ သတင်းအမှားများ တားဆီးကာကွယ်ရေး နှင့် သတင်းမှန်ထုတ်ပြန်နိုင်ရေးဆောင်ရွက်နေမှု၊ နယ်စပ်ဒေသ တိုက်ပွဲရှောင် စခန်းများရှိ မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်ရရှိရေးဆောင်ရွက်နေမှု၊ ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ကြား သွားမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment