ရန်ကုန် ဇန်နဝါရီ ၃၁
ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်တို့ ပူးပေါင်းကျင်းပသည့် Football for schools program ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန် မြို့ရှိ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ် ပေးသည်။
အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဖွင့်လှစ်ပေး
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Football for schools program ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် ဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ဘောလုံးကန်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သုဝဏ္ဏမြက်ခင်းတုကွင်း၌ လာရောက်ဘောလုံးကစားနေ ကြသည့် ကျောင်းသား ကျောင်းသူလေးများနှင့် မသန်စွမ်း အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားပြီး Football for schools ဆိုင်းဘုတ်ရှေ့တွင် ကျောင်းသား ကျောင်းသူလေးများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ဘောလုံးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံပြခန်းများကို လိုက်လံကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက Football for schools program ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဘောလုံးပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
ကြည့်ရှု
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် Life & Dance အဖွဲ့၏ သရုပ်ပြဖျော်ဖြေတင်ဆက် မှုကို ကြည့်ရှုအားပေးပြီး Football for nation video clip ပြသမှုကို ကြည့်ရှုကြသည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က Football for schools program အကြောင်း ရှင်းလင်းပြောကြားပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖောင်ဒေးရှင်း) CEO Mr. Youri Ram Djaorkaeff က အမှာစကား ပြောကြားကာ American Got Talent ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမှ Junior Creative အဖွဲ့က Shadow Dance ဖြင့် တင်ဆက်ကပြကြသည်။
ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က Football for schools program အကြောင်း ရှင်းလင်းပြောကြားပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖောင်ဒေးရှင်း) CEO Mr. Youri Ram Djaorkaeff က အမှာစကား ပြောကြားကာ American Got Talent ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမှ Junior Creative အဖွဲ့က Shadow Dance ဖြင့် တင်ဆက်ကပြကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် “ဧည့်သည်တော်များအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါ တယ်။ ကျွန်မတို့အားလုံး ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ ကျောင်းတွေမှာ ဘောလုံးကစားမှု တိုးတက်ရုံတင်မက ကျောင်းသားများရဲ့စိတ်ဓာတ်တိုးတက်ရေးအတွက် ဝန်းရံ တယ်လို့ ကျွန်မယူဆပါတယ်။ ပညာသင်တယ်ဆိုတာ အတန်းထဲမှာ စာကျက်ရုံနဲ့ မပြီးပါဘူး။ လူတစ်ဦးတစ် ယောက်ကို၊ လူတိုင်းလူတိုင်းကို ပိုပြီးပြည့်စုံတဲ့ လူသားတစ် ယောက်ဖြစ်လာအောင် ဖန်တီးဖို့ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်လာအောင် ဖန်တီးဖို့ဆိုတာ စာကျက်ရုံနဲ့လည်း မပြီးသေးဘူး၊ အားကစားကလည်း အင်မတန်အရေးကြီးပါတယ်။ အားကစားအမျိုးမျိုးရှိတဲ့ အထဲမှာ ကျွန်မတို့နိုင်ငံမှာ အများအင်မတန်မှနှစ်သက်တဲ့ အားကစားနည်းကတော့ ဘောလုံးပဲဆိုတာ အားလုံးသိပြီး သားဖြစ်ပါတယ်။ ဒီလိုအားကစားကို ဘာဖြစ်လို့ ကျွန်မတို့ က အားပေးသလဲဆိုတော့ အားကစားဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ဖက်စလုံးနဲ့ဆိုင်ပါတယ်။ အထူးသဖြင့် ဘောလုံးကစားတယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာလည်းဆိုင်တယ်၊ စိတ်ပိုင်းဆိုင်ရာလည်း ဆိုင်တယ်။ ပူးပေါင်းဆောင်ရွက်ခြင်း အတွက်လည်း အင်မတန်မှအရေးကြီးပါတယ်။ ဘောလုံး အသင်းတစ်သင်းဟာ အောင်မြင်ဖို့ဆိုရင် အားလုံးက ပူးပေါင်းဆောင်ရွက်မှုရှိရမယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အင်အားတွေကို လေးစားရမယ်။ ငါတစ်ယောက်တည်းတော်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ လုပ်လို့ မရဘူး။ အဲဒါကြောင့် ကျွန်မတို့က ဘောလုံးကစားနည်းကို လည်း အားပေးတယ်၊ ဒီကနေတစ်ဆင့် လူငယ်များရဲ့ စိတ်ဓာတ်အင်အားတက်ခြင်းကို ဖန်တီးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
စိတ်ဓာတ်ကို မြှင့်တင်ပေး
ဦးဇော်ဇော်ပြောသွားတဲ့ ဘယ်လိုနည်းတွေနဲ့ ကလေး တွေရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ကြိုးစားတယ်ဆိုတာ video clip ထဲမှာလည်း ပြသွားပါတယ်။ ဥပမာ ဂိမ်းအလွန် အကျွံကစားတာမဖြစ်စေဖို့၊ မူးယစ်ဆေးဝါး၊ ဆေးလိပ် သောက်ခြင်းစတဲ့ မသင့်တော်တဲ့ အလေ့အကျင့်တွေကနေ ဖယ်ခွာသွားဖို့ အားကစားဟာ ဘယ်လောက်အရေးကြီး သလဲဆိုတာပြသွားပါတယ်။ ကျွန်မတို့ကျောင်းတွေမှာဆို ရင်လည်း အားကစားနည်းအမျိုးမျိုးရှိတဲ့အထဲမှာ တော်တော် များများကြိုက်တာကတော့ ဘောလုံးပါပဲ။ အကြိုက်ဆုံးက ဘောလုံးဆိုရင်တော့ မှားမယ်လို့မထင်ပါဘူး။ ဒါဟာ ယောက်ျားလေးတွေတင်မဟုတ်ပါဘူး။ မိန်းကလေးတွေ လည်းပါတယ်။ ကျွန်မတို့ရဲ့ မိန်းကလေးတွေကလည်း ဘောလုံးကစားတဲ့နေရာမှာ တော်တယ်ဆိုတာကို ကျွန်မ အင်မတန်မှ ဂုဏ်ယူပါတယ်။ နိုင်ငံတကာကနေလာပြီး ကျွန်မတို့နိုင်ငံရဲ့ ဘောလုံးကစားနည်း၊ ဘောလုံးအသင်း များ၊ ဘောလုံးအသင်းဝင်များ အရည်အသွေးမြှင့်တင်ဖို့ ကူညီနေတဲ့ ပုဂ္ဂိုလ်အချို့နဲ့ ခဏလေးပဲစကားပြောဖြစ်ပါ တယ်။ ကျွန်မမေးပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ဘောလုံးသမား တွေရဲ့အားသာချက်က ဘာလဲ၊ အားနည်းချက်ကဘာလဲ ဆိုပြီး မေးပါတယ်။ အားနည်းချက်ကဘာလဲဆိုတော့ ရေရှည်ခံနိုင်ရည်မရှိခြင်းလို့ ပြောပါတယ်။ ဒါလည်း ကျွန်မ တို့သိပြီးသားပါ။ ဒါလည်း ဦးဇော်ဇော်နဲ့ မကြာခဏဆွေးနွေး ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ကလေးတွေဟာ ငယ်ငယ်ကတည်းကနေပြီးတော့ အာဟာရပြည့်ဝစွာ မစား သောက်ခဲ့ရတဲ့အတွက် အသက်ကြီးလာတဲ့အခါမှာ ၁၂ နှစ် ကျော်မှာ ဘယ်လိုပဲကျွေးကျွေး မွေးကတည်းက အာဟာရ ပြည့်ဝစွာစားခဲ့ရတဲ့ ကလေးတွေနဲ့ ခံနိုင်ရည်၊ ရေရှည် အကြမ်းခံနိုင်တာ၊ အမောခံနိုင်တဲ့နေရာမှာ မတူဘူးဖြစ်နေ တာ။ ကျွန်မတို့ရဲ့ကလေးတွေက အားနည်းနေတယ်ဆိုတာ တွေ့ရပါတယ်။
အားသာချက်က စိတ်ဓာတ်
နောက်ထပ်အခြားဘာအားနည်းချက်ရှိသလဲဆိုတော့ နည်းပြတွေများများလိုတယ်တဲ့။ နည်းပြများများလိုတယ် ဆိုတာတော့ ကျွန်မတို့သင်ပေးလို့ရပါတယ်။ ဒါပေမယ့် ဒီလိုခံနိုင်ရည်မှာ ငယ်ငယ်ကတည်းက အာဟာရမပြည့်ဝလို့ အားနည်းနေတဲ့ ကျွန်မတို့ကလေးတွေအတွက် ဘယ်လို လုပ်ပေးမလဲဆိုတာ ကျွန်မစဉ်းစားတဲ့အခါ ကျွန်မကို နည်းပြက ဘယ်လိုပြောသလဲဆိုတော့ နည်းပြသင်တန်းပေး နေတဲ့ဆရာက ကလေးတွေရဲ့အားသာချက်က ဘာလဲဆို တော့ စိတ်ဓာတ်ပဲတဲ့။ အဲဒီတော့ ကျွန်မတို့ဟာ တစ်ဖက်မှာ အားနည်းရင် တစ်ဖက်မှာပိုပြီးတော့အားဖြည့်ပြီး လုပ်ရလိမ့် မယ်။ စိတ်ဓာတ်နဲ့ပတ်သက်လို့လည်း ကျွန်မလည်းဆွေးနွေး ဖြစ်ပါတယ်။ ဘာကို ကျွန်မသွားသတိရသလဲဆိုတော့ တစ်ချိန်တစ်ခါတုန်းက အိုလံပစ်ပွဲတော်မှာ ရွှေတံဆိပ်ရဖူးတဲ့ အပြေးသမားတစ်ယောက်ကို မီဒီယာက သတင်းထောက် တစ်ယောက်ကမေးတယ်၊ “ခင်ဗျားက ဘာအတွက်နာမည် ကြီးသလဲဆိုတော့ ပန်းတိုင်မရောက်ခင်မှာ တခြားသူတွေ မောနေတဲ့အချိန်မှာ ခင်ဗျားက အားတွေထုတ်ပြီး မြန်မြန် ပြေးနိုင်တယ်။ ကျွန်တော်တို့နားလည်တာကတော့ ဒီလောက် ပန်းတိုင်ရောက်ခါနီးအချိန်မှာဆိုရင် အင်မတန်မှ အဆုတ်က အလုပ်လုပ်ရတဲ့အတွက် နာကျင်လာတယ်၊ ဒီနာကျင်တာကို မနာကျင်အောင် ခင်ဗျားဘယ်လိုလေ့ကျင့်သလဲ”ဆိုတော့ သူက ဘယ်လိုပြောသလဲဆိုတော့ “မနာကျင်အောင် လေ့ကျင့်လို့မရဘူး၊ အနာကိုခံနိုင်အောင်လို့ပဲ လေ့ကျင့် ရမယ်တဲ့” ကျွန်မတို့လည်း ဒီလိုပဲစဉ်းစားရမှာပဲ။ ကျွန်မတို့ ရဲ့ကလေးတွေကို လေ့ကျင့်ပေးရမယ်၊ ငယ်ငယ်ကတည်းက အာဟာရမပြည့်ဝတဲ့ကလေးတွေကို ပြည့်စေဆိုပြီး ကျွန်မ တို့လုပ်လို့မရတော့ဘူး။ တတ်နိုင်သလောက် အခုကနေစပြီး အာဟာရပြည့်ဝအောင် ကျွေးမွေးမယ်၊ ပြုစုပျိုးထောင်မယ်။ သို့သော်လည်း စိတ်ဓာတ်ကို ပြုစုပျိုးထောင်ဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ကျွန်မတို့ လူကြီးတွေ၊ မိဘတွေ၊ ဆရာတွေအားလုံးက ဝိုင်းဝန်းပြီး ကူညီစေချင်ပါတယ်။ တချို့မိဘတွေက အားကစားရဲ့တန်ဖိုးကို မသိကြပါဘူး။ ကျောင်းသွားတာ စာသင်ဖို့သွားတာ၊ ဆော့ဖို့သွားတာမဟုတ် ဘူးဆိုပြီး အယူအဆရှိတဲ့မိဘတွေလည်း ရှိပါတယ်။ အဲဒီလို အမြင်တွေကို ကျွန်မတို့ ပြောင်းဖို့လိုပါတယ်။ ကျောင်းသွား တယ်ဆိုတာ လူတစ်ယောက်ဟာ ပြီးပြည့်စုံတဲ့ လူတစ် ယောက်ဖြစ်လာဖို့အတွက် သွားတာပဲ၊ ပညာဆိုတာ ဒါပဲ၊ လူတစ်ယောက်ကို၊ ကလေးတစ်ယောက်ကို ပြီးပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်လာအောင် အဘက်ဘက်ကနေပြီး တော့ ဖွံ့ဖြိုးအောင်၊ တိုးတက်အောင်၊ အဘက်ဘက်ကနေပြီး တော့ ကိုယ်မွေးလာတဲ့ ကမ္ဘာကြီးမှာ အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်ဖြစ်လာအောင် ကျွန်မတို့လုပ်တာဆို တော့ အားကစားနည်းကလည်း ကျွန်မတို့အတွက် အင်မတန်မှတန်ဖိုးရှိတဲ့ ကလေးတွေကို ပြုစုပျိုးထောင်မယ့် လက်နက်တစ်ခုလို့ပြောရင် မမှားပါဘူး။ ဒီပွဲဖြစ်မြောက် အောင် ကျွန်မတို့ရဲ့ ကျောင်းတွေအတွက် ဘောလုံးဆိုတဲ့ Football for schools program ဆိုတဲ့ အစီအစဉ်ဖြစ် မြောက်အောင်လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျေးဇူး တင်ပါတယ်။ ကမ္ဘာ့ဘောလုံးအသင်း၊ ကျွန်မတို့အာရှ ဘောလုံးအသင်း၊ အာဆီယံဘောလုံးအသင်း ဘောလုံးအဖွဲ့ ချုပ်တွေကိုကျေးဇူးတင်တယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုအားလုံးဝိုင်းဝန်းပြီး ကူညီလို့ ကျွန်မတို့ ဒီအခမ်းအနားဖြစ်လာတာပါ။ ကျွန်မအထူး ကျေးဇူးတင်ရမှာတော့ ကျွန်မတို့ FIFA က လူတွေဖြစ်ပါ တယ်။ ဘာဖြစ်လို့အထူးကျေးဇူးတင်ရမှာလဲဆိုတော့ ကျွန်မ နဲ့ ဘန်ကောက်မှာတွေ့တုန်းက ကတိပေးခဲ့ပါတယ်။
ဒီကိုလာခဲ့ပြီးတော့ မြန်မာနိုင်ငံဟာ ပထမဦးဆုံးကျောင်းတွေ အတွက် ဘောလုံးအစီအစဉ်လုပ်တဲ့နိုင်ငံ ဖြစ်စေရမယ် ဆိုတော့ ကတိအတိုင်းပဲ။ တစ်လတော့ နောက်ကျသွား တယ်။ တစ်လလောက်ကတော့ ကျွန်မခွင့်လွှတ်ပါတယ်။ အဲဒီတော့ တစ်လလောက်နောက်ကျသွားပေမယ့် ကျေးဇူး တင်တယ်ဆိုတာ ပထမဦးဆုံးအားဖြင့် ကျွန်မဘာကို တန်ဖိုးထားလဲဆိုတော့ ကတိတည်ခြင်းကို တန်ဖိုးထား တယ်။ ကတိတည်ခြင်းဆိုတာ လူသားနှစ်ယောက်ကြားထဲ မှာ ယုံကြည်မှုတည်ဆောက်တာပဲ။ ကတိတည်ခြင်းဆိုတာ ကတိပြုတဲ့သူနဲ့ ကတိပြုတာကိုလက်ခံတဲ့သူအကြားမှာ ယုံကြည်မှုတည်ဆောက်တာပါ။ ကျွန်မတို့ ဘယ်အရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ဘာအလုပ်ပဲဖြစ်ဖြစ် အောင်မြင်ချင်ရင် ပထမဦးဆုံးအနေနဲ့ အတူတူလုပ်နေတဲ့ သူတွေကြားထဲမှာ ယုံကြည်မှုရှိဖို့ဟာ အင်မတန်အရေးကြီး ပါတယ်။ ဒါကြောင့် ကျွန်မကနေပြီး ကျေးဇူးတင်တယ်လို့ ပြောတာပါ။
အချိန်ပေးဖို့ကြိုးစား
ဒုတိယကတော့ တကယ်ပဲလာခဲ့တာတင်မကဘူး။ ဒီမှာလာတဲ့အခါမှာ ဖြစ်မြောက်အောင် အတတ်နိုင်ဆုံး လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်မို့လို့ လည်း ဆက်ပြီးတော့ ကျွန်မတို့ရဲ့ကျောင်းတွေအတွက် ဘောလုံးဆိုတဲ့ အစီအစဉ်ဟာ အောင်မြင်မယ်လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မကို နည်းပြဆရာတစ်ယောက်က ပြောပါတယ်။ ပြဿနာတစ်ခုက အချိန်မလုံလောက်ဘူးတဲ့။ ကျောင်းကကလေးတွေကို ဘောလုံးလေ့ကျင့်ပေးဖို့ အချိန် မလောက်ဘူးဆိုတော့ ကျွန်မတို့မှာ တစ်ဖက်ကလည်း ကျောင်းသား ကျောင်းသူများဟာ မိမိတို့ရဲ့ သင်ရိုးညွှန်းတမ်း ပြီးအောင်လို့ သင်နိုင်ဖို့ဆိုတာလည်း ကျွန်မတို့ကကြိုးစားရ တယ်။ တစ်ဖက်မှာလည်း တခြားကိစ္စတွေဖြစ်တဲ့ ကလေး တွေရဲ့ အကျင့်စာရိတ္တအတွက်၊ ကလေးတွေရဲ့ စိတ်ဓာတ် အတွက် လိုအပ်တဲ့ကိစ္စတွေအတွက်လည်း ကျွန်မတို့အချိန် ပေးဖို့ကြိုးစားရတယ်။ ဒီဟာကိုတော့ ကျွန်မ ပညာရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ဆွေးနွေးပြီးတော့ ဖြစ်အောင်လုပ် ပါမယ်လို့ ကျွန်မပြောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်အောင်လုပ်ရမယ့်ကိစ္စပါ။ ကျောင်းတိုင်းကျောင်းတိုင်းက မလုပ်နိုင်ရင်တောင်မှ ပထမဦးစွာ တချို့ကျောင်းတွေကို အစမ်းသဘောနဲ့လုပ်ပြီးတော့ ဘယ်လောက်အထိ ကျွန်မတို့ အောင်မြင်မှုရနိုင်လဲဆိုတာကို ကြိုးစားရမှာ ဖြစ်ပါတယ်။
ပြုစုပျိုးထောင်နိုင်
ဘောလုံးကစားခြင်းဟာ စောစောကပြောသွားတဲ့အကြောင်းတွေထက်ပိုပြီးတော့ ကျွန်မတို့နိုင်ငံအတွက် ဘာဖြစ်လို့အရေးကြီးလဲဆိုတော့ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ပြောတဲ့ ဘာသာစကားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဖြစ်ပါတယ်။ ဒီလိုပေါင်းစုံဖွဲ့ထားတဲ့နိုင်ငံမို့လို့ ကျွန်မတို့ အချင်းချင်း နားလည်မှုရှိဖို့၊ ကျွန်မတို့အချင်းချင်း ခွဲခြား ဆက်ဆံတဲ့စိတ်ဓာတ်တွေမရှိဖို့ ဒါအင်မတန်အရေးကြီး ပါတယ်။ ဘောလုံးကစားခြင်းအားဖြင့် ဒီလိုစုပေါင်းပြီး ညီညွတ်တဲ့စိတ်ဓာတ်တွေကို ပြုစုပျိုးထောင်နိုင်ပါတယ်။ ဘောလုံးကွင်းမှာဆိုရင် ဘောလုံးတော်တဲ့သူကို ဘောလုံး တော်တဲ့သူလို့မြင်တာပဲ။ သူက ဘာလူမျိုး၊ ဘာဘာသာ စကားပြောတယ်၊ ဘာဘာသာကိုးကွယ်တယ်ဆိုတာ ဒီလိုမမြင်ကြပါဘူး။ နောက်ပြီးတော့ လူတိုင်းလူတိုင်းမှာ သူ့ရဲ့အားရှိတယ်။ သူရဲ့အားနည်းချက် အားသာချက်ရှိတယ် ဆိုတာလည်း မြင်လာကြတယ်။ လူတိုင်းလူတိုင်းဟာ သူ့အားနည်းချက်ရှိတယ်၊ သူ့အားသာချက်ရှိတယ်ဆိုတာ ငယ်ငယ်ကတည်းက သိလာတဲ့အခါကျရင် တခြားသူတွေကို လည်း ပိုပြီးတော့တန်ဖိုးထားတတ်တယ်။ ပိုပြီးတော့ လေးစားတတ်တယ်။ ငါတစ်ယောက်တည်းတော်တယ် ဆိုတဲ့ စိတ်ဓာတ်တွေလည်းမရှိဘူး။ ဘယ်လောက်ပဲ ရှေ့တန်းမှာတော်တော် ဂိုးမှာသွားစောင့်ရင်တော့ အဆင် မပြေဘူးဆိုတာသိသွားရင် ကိုယ့်မှာအားသာချက်ရှိသလို အားနည်းချက်ရှိတယ်ဆိုတာကိုလည်း လက်ခံလာတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီးမှာ စိတ်ဓာတ်အားဖြင့် မြှင့်တင်ပေးမယ့် ဒီလိုကစားနည်းဟာ အင်မတန်မှအရေးကြီးပါတယ်။
ဒီကစားနည်းတွေဟာ စိတ်ဓာတ်အားဖြင့် မြှင့်တင် ပေးမယ်ဆိုတာဟာ ကစားသမားတွေအတွက်တင်မဟုတ်ပါ ဘူး။ ဦးဇော်ဇော်ပြောသွားတဲ့အထဲမှာ ပရိသတ်နဲ့လည်း ဆိုင်ပါတယ်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သိက္ခာရှိရှိနဲ့ လက်ခံနိုင်ရမယ်။ ကျွန်မအမြဲပဲပြောတယ်။ နိုင်တယ်ဆိုရင် ကိုယ့်စိတ်ကိုနှိမ့်ချပြီး အိန္ဒြေရရနိုင်ရမယ်။ ရှုံးတယ်ဆိုရင် သတ္တိရှိရှိနဲ့ ခံနိုင်ရည်နဲ့ ရှုံးရမယ်။ ဒါရင်ဆိုင်နိုင်ရမယ်။ အရှုံးအနိုင်ကို မှန်မှန်ကန်ကန်ရင်မဆိုင်နိုင်ရင် ကျွန်မတို့ ဘဝမှာ တိုးတက်မှုရှိနိုင်မှာ မဟုတ်ဘူး။ ရှုံးရင်လည်း တစ်ခါ တည်း ဟိုဘက်ကိုဆော်မယ်ဆိုတဲ့စိတ်၊ နိုင်ရင်တော့ လက်သီးလက်မောင်းတန်းပြီး ကျောချင်တဲ့စိတ် အဲဒါတွေ က ကောင်းတဲ့စိတ်ဓာတ်တွေ မဟုတ်ပါဘူး။ အဲဒီတော့ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ ကစားသမားတွေကိုယ်တိုင် တင် မဟုတ်ဘူး။ ပရိသတ်တွေကလည်း ဒီလိုတန်ဖိုးထားပြီး ဒီလိုမြင့်မားတဲ့စိတ်ဓာတ်တွေကို မွေးမြူဖို့လိုပါတယ်။
စိတ်ထားမြင့်မြင့်ထား
ကျွန်မတို့နိုင်ငံမှာ ဘောလုံးပွဲတွေ အများကြီးကျင်းပ ခြင်းအားဖြင့် ဘောလုံးပွဲတွေက ပရိသတ်တွေကလည်း ဘယ်လိုစိတ်ထားမြင့်မြင့်ထားပြီးတော့ နေရမယ်ဆိုတာကို သိလာလိမ့်မယ်။ တတ်လာလိမ့်မယ်။ ကျွန်မတို့နိုင်ငံအတွက် အင်အားတွေဖြစ်လာလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် ကျောင်းတွေအတွက် ဘောလုံးအစီအစဉ်ကို တတ်နိုင်သမျှ ကျွန်မတို့အစိုးရအဖွဲ့ကနေပြီးတော့ ကူညီ ပံ့ပိုးပေးပါ့မယ်။ အောင်မြင်အောင်လို့ အားလုံးဝိုင်းပြီး ကြိုးစားပေးပါ။ ကျွန်မတို့ရဲ့ အားကစားသမားတွေတင် မက၊ ကျွန်မတို့ကျောင်းက ဆရာ ဆရာမတွေတင်မက၊ မိဘတွေ၊ ကျောင်းသားမိဘတွေမဟုတ်တဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သား ရပ်မိရပ်ဖများအားလုံး ဝိုင်းဝန်းပြီးတော့ ကူညီပေးပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖောင်ဒေးရှင်း) CEO Mr. Youri Ram Djaorkaeff ၊ အာရှဘောလုံးအဖွဲ့ချုပ် မီဒီယာ အကြီး အကဲ Mr. Colin Raymond Gibson ၊ အာဆီယံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ Major General Khiev Sameth တို့နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ် ကြသည်။
ထို့နောက် အခြေခံပညာကျောင်းများတွင် အသုံးပြု နိုင်ရန် ဘောလုံးအလုံးရေ ၁၀၀၀၀ အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပေးအပ်လှူဒါန်းသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် အခြေခံပညာကျောင်းများတွင် အသုံးပြု နိုင်ရန် ဘောလုံးအလုံးရေ ၁၀၀၀၀ အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပေးအပ်လှူဒါန်းသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယနေ့ဖွင့်လှစ်သည့် Football for schools program သည် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများတွင် ဘောလုံး အားကစားကို ပိုမိုတွင်ကျယ်စွာ လိုက်ပါကစားနိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်သည့် Football for schools program သည် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများတွင် ဘောလုံး အားကစားကို ပိုမိုတွင်ကျယ်စွာ လိုက်ပါကစားနိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment