နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်း ထမင်းစားခန်းမဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
အဆိုပါ နှစ်ပတ်လည်နေ့အခမ်းအနားသို့ ဒုတိယ သမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပထမအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြား
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်ပတ်လည်နေ့ ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုကဲ့သို့ ဒုတိယအကြိမ် လွှတ်တော်များ၏ (၄)နှစ်မြောက်နှစ်ပတ်လည်နေ့သို့ တက်ရောက်ပြီး မိမိ၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်း များအားလုံးကို အခွင့်အခါကြုံခိုက် ပြန်လည်တွေ့ဆုံရသည့်အတွက် အလွန်ပင် ဝမ်းမြောက်ကြောင်းကို ပြောကြားလိုပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များတွင် ပြဋ္ဌာန်းထားသည့်အတိုင်း မေးခွန်း၊ အဆို၊ ဥပဒေကြမ်းများကို အဓိက ထားပြီး တာဝန်ယူထမ်းဆောင်ကြရပါကြောင်း၊ ထိုသို့တာဝန်ထမ်းဆောင်ကြ သည့်အခါတွင် မေးခွန်း၊ အဆိုများနှင့်ပတ်သက်၍ ကန့်သတ်ချက်၊ စည်းကမ်း ချက်များရှိပါကြောင်း၊ ထို့အတူ ဥပဒေကြမ်းနှင့်ပတ်သက်ပါကလည်း ဆွေးနွေး ရမည့် ကန့်သတ်ချက်၊ စည်းကမ်းချက်များရှိပါကြောင်း၊ အလားတူ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန် နှင့် ဝတ္တရားများ၊ ရပိုင်ခွင့်နှင့် အခွင့်အရေးများရှိပါကြောင်း။
မှန်မှန်ကန်ကန်အသုံးပြု
လွှတ်တော်ကိုယ်စားလှယ်များသည် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျေပွန်စွာ ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ထမ်းဆောင်ရသကဲ့သို့ ရပိုင်ခွင့် နှင့် အခွင့်အရေးများကိုလည်း မှန်မှန်ကန်ကန်အသုံးပြုကြရန် လိုအပ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဥပဒေပြုရေးမဏ္ဍိုင်ဆိုသည်မှာ လွန်စွာတာဝန်ကြီးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ ဥပဒေပြုသည်ဆိုရာတွင် လွယ်မယောင်နှင့် ခက်သကဲ့သို့ တိမ်မယောင်နှင့်လည်း နက်ပါကြောင်း၊ ဥပဒေတစ်ခုပြုမည်ဆိုပါက ယင်းဥပဒေ၏ ပုဒ်မတစ်ခုချင်းအလိုက် စိစစ်ရသကဲ့သို့ ယင်းပုဒ်မတစ်ခုချင်းက လည်း ဥပဒေတစ်ခုလုံးတွင်ပါသည့် အချက်အလက်များနှင့် လိုက်လျောညီထွေ ရှိ/မရှိ ဆိုသည်ကို ကြည့်ရှုရပါကြောင်း၊ ထို့ပြင် ဥပဒေတစ်ခုသည် အခြားဥပဒေ များနှင့် မည်မျှညီညွတ်ဆီလျော်မှုရှိသလဲဆိုသည်ကို အပြန်အလှန်လေ့လာရ ပါကြောင်း၊ ဥပဒေပြုရာတွင် Spirit of Law ဟုဆိုသည့် ဥပဒေအနှစ်သာရကို ကြည့်ရသကဲ့သို့ Letter of Law ဟုဆိုသည့် ဥပဒေဝေါဟာရကိုလည်း ကြည့်ရ ပါကြောင်း၊ ဥပဒေ၏အနှစ်သာရကို ဦးစားပေးလွန်းသည့်အခါတွင် ဥပဒေ၏ ဝေါဟာရ ပျောက်တတ်သကဲ့သို့ ဥပဒေ၏ဝေါဟာရကို ဦးစားပေးလွန်းပါကလည်း ဥပဒေ၏အနှစ်သာရ ကွယ်ပျောက်တတ်ပါကြောင်း၊ ယင်းတို့ကိုလည်း အထူးဂရု စိုက်စေလိုပါကြောင်း။
ထို့ပြင် ဥပဒေတစ်ခုကိုပြုပါက ယင်းဥပဒေ၏နောက်ကြောင်း အခြေခံ အချက်အလက် သမိုင်းကြောင်းများကို သိရှိရန်လိုအပ်ပါကြောင်း၊ နောက်ကြောင်း အခြေခံအချက်အလက်သမိုင်းကြောင်းများကို သိမှသာ ဥပဒေတစ်ခုကို မှန်မှန် ကန်ကန်နှင့် ပြည့်ပြည့်စုံစုံပြဋ္ဌာန်းနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့အရေးကြီးသည့် ဥပဒေပြုရေးမဏ္ဍိုင်က နိုင်ငံတော်၏မူဝါဒများကိုလည်း ဥပဒေအဖြစ် ရေးဆွဲ ပေးရပါကြောင်း။
မေးခွန်းများ၊ အဆိုများ ဥပဒေပြုသည့်အခါများတွင် ကိုယ်စားလှယ်အားလုံး က ဆွေးနွေးရခြင်း၊ ညှိနှိုင်းရခြင်းများရှိပါကြောင်း၊ ထိုသို့ ဆွေးနွေးညှိနှိုင်းသည့် အခါတွင်လည်း ဥပဒေပြုရေးမဏ္ဍိုင်နှင့် လိုက်လျောညီထွေသည့် အသုံးအနှုန်း၊ အပြောအဆိုများဖြစ်ရန် လိုအပ်ပါကြောင်း၊ ယင်းသည် မိမိ၏ ဂုဏ်သိက္ခာနှင့် ဆိုင်သကဲ့သို့ မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့်လည်းဆိုင်ပါကြောင်း၊ ထိုသို့ ဆွေးနွေးကြသည့်အခါတွင်လည်း တစ်ဦးနှင့်တစ်ဦး အပြုသဘောအမြင်နှင့် ဆွေးနွေးကြစေလိုပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုး အတွက် အပြုသဘောဆောင် ဆွေးနွေးကြပါက အောင်မြင်မှုရနိုင်မည်ဖြစ်ပါ ကြောင်း။
မိမိ၏အတ္တကို ဦးတည်ပြီး ဆွေးနွေးမည်ဆိုပါက အပြုသဘောမဆောင်ဘဲ အောင်မြင်မှုလည်း ရနိုင်မည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် အပြုသဘောနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ယင်းသည် ဒီမိုကရေစီ၏ မဏ္ဍိုင်ကြီး(၁၂)ရပ်တွင် ပါဝင်သည့်သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ် ညှိနှိုင်းအဖြေရှာခြင်းဆိုသည့် အချက်များနှင့် အကျုံးဝင်ပါကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ သဘောထားကြီး၊ သည်းခံပြီး စေ့စပ်ညှိနှိုင်းအဖြေရှာရမည်ဖြစ်ပါကြောင်း၊ ထို့နောက်တွင် အများ၏ဆုံးဖြတ် ချက်ကို လိုက်နာရသကဲ့သို့ အနည်းစု၏ သဘောထားကိုလည်း အလေးထားကြ ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဒီမိုကရေစီကျင့်စဉ်ကို မြတ်နိုးတန်ဖိုးထားပြီး အမှန်တကယ် ကျင့်သုံးနိုင်မှသာလျှင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။
မိမိ၏အတ္တကို ဦးတည်ပြီး ဆွေးနွေးမည်ဆိုပါက အပြုသဘောမဆောင်ဘဲ အောင်မြင်မှုလည်း ရနိုင်မည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် အပြုသဘောနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ယင်းသည် ဒီမိုကရေစီ၏ မဏ္ဍိုင်ကြီး(၁၂)ရပ်တွင် ပါဝင်သည့်သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ် ညှိနှိုင်းအဖြေရှာခြင်းဆိုသည့် အချက်များနှင့် အကျုံးဝင်ပါကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ သဘောထားကြီး၊ သည်းခံပြီး စေ့စပ်ညှိနှိုင်းအဖြေရှာရမည်ဖြစ်ပါကြောင်း၊ ထို့နောက်တွင် အများ၏ဆုံးဖြတ် ချက်ကို လိုက်နာရသကဲ့သို့ အနည်းစု၏ သဘောထားကိုလည်း အလေးထားကြ ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဒီမိုကရေစီကျင့်စဉ်ကို မြတ်နိုးတန်ဖိုးထားပြီး အမှန်တကယ် ကျင့်သုံးနိုင်မှသာလျှင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။
ဝိုင်းဝန်းတည်ဆောက်
ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရန်အတွက် မိမိတို့ကိုယ်တိုင် မည်မျှပြုပြင်ပြောင်းလဲနိုင်ပြီဆိုသည့် စံချိန်လည်းလိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည် မိမိတို့မည်မျှပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်ဆိုသည့် အပေါ်တွင် မူတည်နေပါကြောင်း၊ မိမိတို့အားလုံးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေး၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အားလုံးကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီကျင့်စဉ်ကို မှန်မှန်ကန်ကန်ကျင့်သုံး၍ ဒီမိုကရေစီ ၏မဏ္ဍိုင်ဖြစ်သည့် သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ်ညှိနှိုင်းအဖြေရှာ ခြင်းများဖြင့် နိုင်ငံတော်က သန္နိဋ္ဌာန်ချထားသည့်၊ နိုင်ငံသူ နိုင်ငံသားများကလည်း နှစ်ရှည်လများ လိုလားတောင့်တပြီး အာသာဆန္ဒပြင်းပြနေသည့် ဒီမိုကရေစီနိုင်ငံ တော်ကို ဝိုင်းဝန်းတည်ဆောက်ကြပါဟု ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာ စကားပြောကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာ စကားပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။
ဂုဏ်ပြုနေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။
သတင်းစဉ်
No comments:
Post a Comment