ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မိမိလူမျိုး၊ မိမိအသိုင်းအဝိုင်း ကွက်ကွက်ကိုသာ ရွေးချယ်ကြည့်ရှု ဆက်ဆံ၍ရမည်မဟုတ်ပေ။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မတူကွဲပြားသော လူမျိုးများအားလုံးတို့ကို နားလည်ရန်၊ သိရှိရန်၊ ဆက်ဆံရန် လိုအပ်မည် ဖြစ်သည်။
"မတူကွဲပြားမှုကနေ ညီညွတ်မှုထူထောင်နိုင်တယ်ဆိုတာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ထပ်တလဲလဲပြောနေတာပါ။ တချို့တွေဆိုရင် ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို နားမလည်ကြပါဘူး။ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို နားမလည်ဘဲနဲ့ ကိုယ့်ရဲ့အသိုင်းအဝိုင်းလေး တစ်ခုအတွက် စဉ်းစားကြပါတယ်။ ကိုယ့်ရဲ့အသိုင်းအဝိုင်းလေးတစ်ခု အတွက်စဉ်းစားရင် ကိုယ့်ကမ္ဘာကြီးက ဘယ်လောက်ကျဉ်းသွားမလဲဆိုတာ စဉ်းစားကြည့်ပါ" ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လေရှီးမြို့တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ပြောကြားခဲ့သည်။
ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲ့သို့ဖြစ်နေပြီး တစ်ဦးနှင့်တစ်ဦး၊ တစ်နေရာနှင့်တစ်နေရာ အပြန်အလှန် ဆက်နွှယ်နေသည်ဖြစ်ရာ ရှေးယခင်က ကဲ့သို့ ကိုယ့်အသိုင်းအဝိုင်းတစ်ခုတည်းအတွက်၊ ကိုယ့်လူမျိုးတစ်မျိုး တည်းအတွက် ကွက်ကွက်လေးရှုမြင်ရမည့် အချိန်အခါမဟုတ်တော့ပေ။ မတူကွဲပြားသော အသိုင်းအဝိုင်းများအကြား၊ မတူကွဲပြားသောလူမျိုးများ အကြား ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံနေထိုင်ကြရမည့် ကာလဖြစ်သည်။ မတူကွဲပြားသူအချင်းချင်း ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပေါင်းသင်းဆက်ဆံ ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်သည်။ ဤကမ္ဘာကြီးသည် ယခင် ကမ္ဘာကြီးနှင့်မတူ၊ ပြည်ထောင်စုနိုင်ငံများ၊ ပြည်ထောင်စုလူမျိုးများ ပေါင်းစု ထားသည့် ပြည်ထောင်စုကမ္ဘာကြီးဖြစ်နေချေပြီ။
မျက်မှောက်ကာလတွင် ပြည်ထောင်စုကိုသော်လည်းကောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကိုသော်လည်းကောင်း နက်နက်နဲနဲမသိကြခြင်းမှာ မိမိလူမျိုး၊ မိမိအသိုင်းအဝိုင်းတစ်ခုတည်းကို စဉ်းစားကြသည့် ကျဉ်းမြောင်း သောစိတ်ဓာတ်များ ရှိနေသောကြောင့်ဖြစ်သည်။ ကျဉ်းမြောင်းသော စိတ်ဓာတ်သည် ငြိမ်းချမ်းသောလူ့အသိုက်အဝန်းကို မည်သို့မျှတည်ဆောက် နိုင်မည်မဟုတ်ချေ။ ကျဉ်းမြောင်းသောစိတ်ရှိသည်မှာ အခြားလူမျိုးတို့၏ အခြေအနေ၊ သဘောထားအမှန်ကို နားလည်လက်ခံထားခြင်းမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုသားလူမျိုးများ၏အကြောင်းကို နားလည်သိရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုး တစ်ရာ ကျော်ဖြင့် ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်သည်ကို သိရှိထားကြရာ၌ တိုင်းရင်း သားလူမျိုးများ၏ ပုံသဏ္ဌာန်ကိုသာ အများအားဖြင့်သိရှိကြပြီး လူမျိုးတစ်မျိုး ချင်းစီ၏အကြောင်းကို သေချာစွာသိရှိနားလည်ကြခြင်းမရှိပေ။ ဤပြည်ထောင်စုမြေပေါ်တွင်နေထိုင်ကြသည့် လူတိုင်းလူတိုင်းအနေဖြင့် ဤပြည်ထောင်စုအတွင်းနေထိုင်ကြသော သွေးချင်းသားချင်း လူမျိုးပေါင်းစုံ တို့၏ ဇာစ်မြစ်၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုတို့ကို သိရှိနားလည်ထားရန်မှာ အရေးကြီးပေသည်။ အိမ်သားအချင်းချင်းသည်လည်းကောင်း၊ အိမ်နီး နားချင်း အချင်းချင်းသည်လည်းကောင်း တစ်ဦး၏စရိုက်၊ တစ်ဦး၏ဓလေ့ကို တစ်ဦးကသိရှိပါမှ၊ နားလည်ပါမှ ဆက်ဆံရေးအဆင်ပြေမည်။ ဆက်ဆံ ရေးပြေပြစ်ပါမှလည်း ရင်းရင်းနှီးနှီး အေးအတူပူအမျှ နေထိုင်သွားနိုင်ကြမည် ဖြစ်သည်။ အေးအတူပူအမျှ နေထိုင်ကြပါမှ ငြိမ်းချမ်းသာယာမှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့သွေးချင်းသားချင်းများ၏ ဓလေ့ထုံးစံယဉ်ကျေးမှုနှင့် သွေးမတူ၊ သားမတူ၊ ယဉ်ကျေးမှုမတူသည့် နိုင်ငံခြားသားများက ခဏ တစ်ဖြုတ်လာရောက်၍ လေ့လာမှတ်သား မှတ်တမ်းတင်ကြသည်။ အပေါ်ယံ အမြင်၊ အပေါ်ယံအထင်ဖြင့် မှတ်တမ်းတင်သိရှိကြရခြင်းထက် မိမိတို့ သွေးချင်းသားချင်း ဤမြေတွင်အတူနေသည့် တိုင်းရင်းသားလူမျိုးအချင်း ချင်းတို့က ပိုမို၍အလေးထားကာ လေးလေးနက်နက် သိရှိထားသင့်သည်။ တစ်မြေတည်းအတူနေသူအချင်းချင်း မကောင်းသောအမြင်မရှုမြင်ဘဲ မိမိတို့ ညီအစ်ကိုမောင်နှမအချင်းချင်း၏ ပင်ကိုစိတ်ရင်းဓလေ့စရိုက်နှင့် ရင်တွင်းမှ ဆန္ဒအရင်းအမှန်တို့ကို ထဲထဲဝင်ဝင်လေ့လာခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုနှင့် နားလည်သိမြင်မှုတို့ တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်သည်။
သို့ဖြစ်ရာ မတူကွဲပြားမှုများ ပေါင်းစည်းဆက်နွှယ်နေထိုင်ကြသည့် ဤကမ္ဘာလောကကြီးတွင် တစ်ဦးနှင့်တစ်ဦး ကျယ်ပြန့်သည့်အမြင်ဖြင့် ဆက်ဆံကာ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာအောင် ကြိုးပမ်း တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment