Sunday, February 23, 2020

မကွေးတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ




Image may contain: 6 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၂



မကွေးတိုင်းဒေသကြီးအတွင်း ကိုရိုနာ ဗိုင်းရပ်စ် (COVID - 19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း က မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အချိန်မရွေးဖြစ်ပွားနိုင်
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက မကွေးတိုင်း ဒေသကြီးသည် ဧရိယာအကျယ်အဝန်း များပြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြကာ နေရပ်သို့ ပြန်လာသူများ မြို့နယ်အနှံ့အပြား သို့ ရောက်လျက်ရှိသောစာရင်းကို သုံးသပ် ခြင်းဖြင့် မကွေးတိုင်းဒေသကြီး၌ ဤရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်ရန် နယ်စပ်မြို့များ၌ အရေးကြီးသည်နှင့် အလားတူအရေးကြီးပါကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားကူးစက်မှုများ ဆက်လက်များပြားလျက်ရှိနေပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လက်ရှိ၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူများမတွေ့ရှိရသေးသော်လည်း အချိန်မရွေး ဖြစ်ပွားတွေ့ရှိလာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးအတွင်း၌ ရှိသော နှီးနွှယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် မိမိတို့၏ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်း များသည်စနစ်တကျ ချိတ်ဆက်ပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ထိုသို့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလူနာများ ရုတ်တရက် ဖြစ်ပွားပေါ်ပေါက်ပါက သီးခြားထားရှိ ကုသမှုပေးရန်အတွက် မကွေးပြည်သူ့ ဆေးရုံကြီး၌ ယခု အသစ်ဆောက်လုပ် ပြီးစီးပြီး အသုံးမပြုရသေးသည့် ငါးထပ် ဆောင်သစ်၌ စီစဉ်ထားရှိသည်မှာ ကောင်းမွန်ပါကြောင်း၊ ယခုကာလ၌ ဆေးရုံ များတွင် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်း များသည် ရောဂါထပ်မံပြန့်ပွားမှု မရှိစေရန် အရေးအကြီးဆုံးဖြစ်သည့်အတွက် အထူး ကြပ်မတ်ကုသဆောင် (ICU) များတွင် လိုအပ်သည့် အသက်ရှူစက်များ၊ လူနာ၏ အခြေအနေကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြပ်ကြည့်ရှုနိုင်သည့် စက်ကိရိယာ များ အစရှိသည်တို့ကို ဗဟိုမှ ထပ်မံဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနသည် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် အစည်းအဝေးကို နေ့စဉ်ပြုလုပ်ကာ ကုသရေး ဆိုင်ရာ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာနှင့် ကပ်ရောဂါ ဗေဒထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အမြဲမပြတ်ပေးအပ် ခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေ ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိ ပါကြောင်း။
အလုံးစုံသော ရောဂါကာကွယ်ထိန်းချုပ် မှုလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ် များတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများသည် အဓိကညှိနှိုင်းကွပ်ကဲသူများအဖြစ်လည်းကောင်း၊ မြို့နယ်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး (TMO) များ၏ ဦးဆောင်မှုဖြင့်သက်ဆိုင်ရာမြို့နယ်အလိုက် အခြေခံကျန်းမာ ရေး ဝန်ထမ်းပညာရှင်များက လက်တွေ့ မြေပြင်တွင်လည်းကောင်း ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများကို လုပ်ဆောင်ကြရ မည်ဖြစ်ပါကြောင်း။
ရောဂါကာကွယ်ထိန်းချုပ်ရေး
ဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ် မှုလုပ်ဆောင်ချက်များ၊ ဝန်ထမ်းများအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်း များနှင့် ပြည်သူများအတွက် ကျန်းမာရေး အသိပေးနှိုးဆော်မှုများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) နှင့် ဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ ကြောင်း၊ မကွေးတိုင်းဒေသကြီးရှိ ကုသရေး နှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအနေ ဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လုပ်ဆောင်ချက်များကို လုပ်ငန်းလမ်းညွှန် များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အတွက် ဝန်ကြီးဌာန၏ အင်တာနက်နှင့် လူမှု ကွန်ရက်စာမျက်နှာများကို အမြဲမပြတ် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုလေ့လာသုံးသပ် ၍ မိမိတို့၏ တိုင်းဒေသကြီးနှင့် လိုက်လျော ညီထွေဖြစ်မည့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို လုပ်ဆောင်စေလို ပါကြောင်း။
ကောင်းမွန်သောလက္ခဏာ
ဝန်ကြီးဌာနရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ COVID-19 ရောဂါပိုးဓာတ်ခွဲအဖြေရှာမှုကို ပြုလုပ်နိုင်ပြီ ဖြစ်သဖြင့် စောင့်ကြည့်လူနာနှင့် သံသယလူနာ များအား ခြောက်နာရီအတွင်း စစ်ဆေးအဖြေ ထုတ်နိုင်ပြီဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသ ကြီးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ရှိ နှီးနွှယ်ဌာနများ၏ ပူးပေါင်းကူညီမှုများကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ အတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရောဂါထိန်း ချုပ်ရေးဗဟိုဌာနမှ ပြောကြားချက်ဖြစ်သောဤရောဂါဖြစ်ပွားသူ ၁၀၀ လျှင် ၈၀ ရာခိုင်နှုန်း မှာ မပြင်းထန်သော သာမန်လက္ခဏာကို သာခံစားရခြင်း၊ ၁၅ ရာခိုင်နှုန်းမှာ ပြင်းထန် သည့်ရောဂါခံစားရခြင်း၊ ၅ ရာခိုင်နှုန်းမှာ အထူး ပြင်းထန်စွာ ရောဂါခံစားရခြင်းဖြစ်ပွားသည် ဟု သိရှိရသည့်အချက်မှာ ပြည်သူ့ကျန်းမာရေး ရှုထောင့်နှင့် ကုသရေးရှုထောင့်မှ အရေးကြီး သည့် သတင်းအချက်တစ်ချက်ဟု သတ်မှတ်၍ ရသည့်အပြင် မိမိတို့နိုင်ငံ၌ ရောဂါဖြစ်ပွားမှု ရှိလာပါကလည်း ဤပုံစံအတိုင်း ဖြစ်နိုင်ပါ ကြောင်း၊ ဝန်ကြီးဌာနရှိဆေးရုံများ၌ တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ပြည်သူများအကျိုးအတွက် ဆောင်ရွက်နေ ခြင်းဖြစ်သည်ကို စိတ်နှလုံးသွင်း၍ မြန်မာ နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားကူးစက် မှုမရှိစေရေးနှင့် အကယ်၍ ရောဂါဖြစ်ပွားသူ များရှိပါကလည်း ပြန့်ပွားကူးစက်မှု မရှိ စေရေးနှင့် ထိခိုက်သေဆုံးမှု လျော့နည်း စေရေး ဆက်လက် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်းလို ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မိမိတို့ သက်ဆိုင်ရာနေရာဒေသအလိုက်၊ ကျန်းမာရေးရှုထောင့်မှသာမက လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး စသည်ဖြင့် ရှုထောင့်အမျိုးမျိုးကိုပါ ထည့်သွင်း စဉ်းစား၍ အသင့်တော်ဆုံးသော မဟာဗျူဟာ နှင့် လုပ်ငန်းစဉ်များကို သက်ဆိုင်သူအားလုံး မှ ဝိုင်းဝန်းဆုံးဖြတ်၍ ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိ လွင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့ နိုင်ငံအချို့တွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေနှင့် လက်ရှိ နောက်ဆုံးရှာဖွေ တွေ့ရှိချက်များအပေါ်မူတည်၍ ရောဂါ၏ ကူးစက်ပျံ့နှံ့ပုံများကို လည်းကောင်း။
ရှင်းလင်းပြောကြား
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ဝင်းမြင့်က အပြည်ပြည်ဆိုင်ရာလေဆိပ် များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေမှုများကို လည်း ကောင်း၊ ဒုတိယညွှန်ကြားရေးချုပ် (ရောဂါ နှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက် နေသည့်လုပ်ငန်းများကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆေးရုံများတွင် ပြင်ဆင်ထားရှိမှုများကို လည်းကောင်း၊ ညွှန်ကြားရေးမှူး (တာဝန်) (ကျန်းမာရေး အသိပညာမြှင့်တင်ရေး) ဒေါက်တာ သန်းနိုင်စိုးက ရောဂါကာကွယ်ထိန်းချုပ် ရေးအတွက် ပြည်သူများအား ကျန်းမာရေး အသိပညာအချက်အလက်များကို ကျယ် ကျယ်ပြန့်ပြန့် ပေးအပ်နေမှုနှင့် အသိပေး နှိုးဆော်မှုများကို လည်းကောင်း၊ မကွေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သောင်းလှိုင်က မကွေးတိုင်းဒေသကြီး အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း အသီးသီး ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က မကွေးတိုင်းဒေသကြီးတွင် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အစိုးရအဖွဲ့မှ ဆက်လက် ပံ့ပိုးသွားမည့်အစီအစဉ်များကို ပြောကြား သည်။ သတင်းစဉ်

No comments:

Post a Comment