Sunday, February 23, 2020

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နမ့်မွန်ကြီးရေတံခွန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး



Image may contain: 5 people, people standing, outdoor, water and nature
နေပြည်တော် ဖေဖော်ဝါရီ ၂၂



အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သို့ ရောက်ရှိကြရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးညွန့်လွင်၊ ဒေါက်တာညီညီအောင်နှင့် ဦးစိုင်းစွံစိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင် နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ပေါင်းလောင်း ရေဆိပ် ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က နမ့်မွန်ကြီးရေတံခွန် နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ နှစ်အလိုက် ခရီးသွားလာရောက်လည်ပတ်မှု နှင့် လက်ရှိခရီးသွားလုပ်ငန်းအခြေအနေ၊
ဒေသခံများအနေဖြင့် ခရီးသွားများ တည်းခိုရန် ယာယီဝါးတဲများ တည်ဆောက်ထားမှု၊ ခရီးသွားဖွံ့ဖြိုး တိုးတက်နိုင်မှု အလားအလာနှင့် အခြေခံအဆောက်အဦလိုအပ်ချက်၊ နမ့်မွန်ကြီးရေတံခွန် ခရီးစဉ်အတွက် ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားမှုနှင့် အဆောက်အဦတည်ဆောက်ရန် အဆို ပြုပုံစံများ၊ ခရီးစဉ်ဒေသရေရှည်ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်သွားရမည့် အချက်များ၊ ရပ်ရွာလူထုပါဝင်သော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာစေရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ပေး ရန် ဆောင်ရွက်မည့်အခြေအနေနှင့် ပတ်ဝန်းကျင်မထိခိုက်စေရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ကို လည်းကောင်း၊ ရွာငံမြို့နယ် ပန်းလောင်ပြဒါးလင်း သဘာ၀ဘေးမဲ့ တောဆိုင်ရာ အချက်အလက်များနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စီမံချက် များကိုလည်းကောင်း ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က နမ့်မွန်ကြီးရေတံခွန်ခရီးစဉ် ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှု၊ ခရီး စဉ် အလားအလာကောင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဒေသခံပြည်သူများ အလုပ်ရရှိရေး
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက နမ့်မွန်ကြီးရေတံ ခွန်ခရီးစဉ် စီမံကိန်းအား အနီးရှိ ခရီး သွားများ စိတ်ဝင်စားသည့် လိန်းလီ တံတား၊ ဟားရေတံခွန်၊ ရေပူစမ်း တို့နှင့် ချိတ်ဆက်၍ သွားလာနိုင်သည့် နေရာဖြစ်အောင် Master Plan ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် ရန် လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ် သည့်ကုမ္ပဏီ အကျိုးရှိသကဲ့သို့ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိ ရေးနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေ ရေးကိုလည်း အလေးထားဆောင်ရွက် သွားရန်လိုကြောင်း၊ ခရီးသွားများ အတွက် ဘေးကင်းလုံခြုံရေးအတွက် ရေလမ်းကြောင်း ကောင်းမွန်ရေးကို ဂရုစိုက်ဆောင်ရွက်သွားရန်နှင့် အစား အသောက်များကို သန့်ရှင်းသပ်ရပ် အောင် ဆောင်ရွက်သွားရန်လို ကြောင်း၊ ခရီးစဉ်ဒေသ၌ သဘာဝ ပတ်ဝန်းကျင်မပျက်စီးစေရေး၊ အမှိုက် များ စနစ်တကျစွန့်ပစ်ရေးတို့ကို ဂရု စိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ နမ့်မွန်ကြီးရေတံခွန်သည် အခြားသော ခရီးစဉ်ဒေသများနှင့် ဆက်စပ်သည့် နေရာတွင် တည်ရှိနေသည့်အတွက် ပြည်တွင်းခရီးသွားများသာမက နိုင်ငံ ခြားသားခရီးသွားများပါ လာရောက် မှုများပြားလာနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြာင့် ဘေးအန္တရာယ်ကင်းရှင်း ရေး၊ အမြဲတမ်း သန့်ရှင်းသပ်ရပ် သာယာလှပနေရေးကို အထူးဂရုစိုက် ရန်လိုကြောင်း၊ ဒေသခံများအနေဖြင့် ဝါးလုပ်ငန်းနှင့် အခြားဒေသထွက် ပစ္စည်းအား လူသုံးကုန်ပစ္စည်းများ အဖြစ် ထုတ်လုပ်နိုင်ရန် လူ့စွမ်းအား မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ် သွားရန်လိုကြောင်း၊ ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် အများသုံး သန့်စင်ခန်းများကို စနစ်တကျ စီစဉ် ဆောင်ရွက်ပေးထားရန် လိုကြောင်း မှာကြားသည်။
ရေဝေရေလဲထိန်းသိမ်းမှု ကြည့်ရှု
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ပေါင်းလောင်းမြို့ရေဆိပ်မှ ရေယာဉ်ငယ်များဖြင့် ပေါင်းလောင်း ဆည်ပတ်ဝန်းကျင် ရေဝေရေလဲ ထိန်းသိမ်းထားရှိမှု၊ ဆည်အတွင်း ရေဝင်ရောက်ရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ထွက်ခွာခဲ့ရာ နမ့်မွန်ကြီး ရေတံခွန်ရေဆိပ်သို့ ရောက်ရှိကြ သည်။
ထို့နောက် ဒုတိယသမ္မတက နမ့်မွန်ကြီးရေတံခွန် အဆင့်ဆင့် ရေစီးဆင်းနေမှု၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထား ရှိမှု၊ ခရီးသွားများ လာရောက်အပန်း ဖြေအနားယူနေမှုနှင့် ခရီးစဉ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် ပေးရမည့် အခြေအနေများကို လိုက်လံကြည့်ရှုပြီး အဖွဲ့ဝင်များနှင့် လည်းကောင်း၊ ခရီးသွားပြည်သူများ နှင့်လည်းကောင်း အမှတ်တရဓာတ်ပုံ ရိုက်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် နမ့်မွန်ကြီးရေတံခွန်မှ ရေယာဉ်ငယ်များဖြင့် ပြန်လည် ထွက်ခွာလာကြရာ ပေါင်းလောင်း ရေဆိပ်သို့ ရောက်ရှိကြပြီး မော်တော် ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ ကြရာ ညနေပိုင်းတွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြသည်။
ဆွဲဆောင်မှုရှိခရီးစဉ်ဖြစ်အောင်စီစဉ်
နမ့်မွန်ကြီးရေတံခွန်မှာ ရှမ်းပြည် နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် လိန်းလီသစ်တောကြိုးဝိုင်းအတွင်း ပေါင်းလောင်းမြို့၏ မြောက်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိပြီး ရေတံခွန်သည် ရေပြာရေတံခွန်ဖြစ် ကာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ကို ဆွဲဆောင်မှုရှိသည့် ခရီးစဉ်တစ်ခု ဖြစ်အောင် စီစဉ်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ခရီးသွား ၈၀၀၀၊ ၂၀၁၉ ခုနှစ်တွင် ခရီးသွား ၁၂၀၀၀ လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွား များအတွက် စက်လှေဝန်ဆောင်မှု များ ကောင်းမွန်အောင် စီစဉ်ထား ကြောင်း၊ နမ့်မွန်ကြီးရေတံခွန် ခရီးစဉ် ကို ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းဖြစ်စေရန် ဆောင်ရွက်လျက် ရှိပြီး အနာဂတ်ကာလတွင် ရေတံခွန် ဒေသတွင် ပြည်တွင်း၊ ပြည်ပ ခရီး သွားများ အဆင်ပြေချောမွေ့စေရန် တည်းခိုဆောင်များနှင့် အပန်းဖြေ စရာများကို နမ့်မွန်ကြီးရေတံခွန် ဒေသ၌ ဆောင်ရွက်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment