Sunday, February 23, 2020

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး တိုးချဲ့နှစ်ထပ် ရုံးအဆောက်အဦအသစ် ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုစစ်ဆေး




Image may contain: 6 people, people standing and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၂၂



သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး မြေဧရိယာအတွင်းရှိ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ရုံး တိုးချဲ့နှစ်ထပ်ရုံး အဆောက်အဦအသစ် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား တိုးချဲ့ရုံးအဆာက်အဦအတွင်း လိုအပ်သော ရုံးသုံးပရိဘောဂများ ရရှိရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေးတို့အတွက် ထပ်မံလိုအပ်သောဘဏ္ဍာငွေကို အချိန်မီ လျာထားတင်ပြတောင်းခံသွားရန်နှင့် ရုံးပတ်ဝန်းကျင် စိမ်းစိုသာယာလှပအောင် ဆောင်ရွက်ထားရန် မှာကြား သည်။
အချိန်မီပြီးစီးအောင် ဆောင်ရွက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တု ရေးရာ)အတွက် ဆောက်လုပ်နေသည့် RC သုံးထပ် ရုံးသစ် တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ တည်ဆောက် ရေး(၂)၊ အဆောက်အဦအထူးအဖွဲ့(၄) တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရေး မှာကြားသည်။
ကျောက်စိမ်းများ သိုလှောင်ထားရှိ
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဖမ်းဆီးရမိ ကျောက်စိမ်းများ ထိန်းသိမ်းစောင့်ရှောက်ထားသော နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံပိုင် ငါးဧက ကျောက်စိမ်းသိုလှောင်ရုံများရှိ ဖမ်းဆီးရမိကျောက်စိမ်း များ သိုလှောင်ထားရှိမှုကို လည်းကောင်း၊ မြန်မာ့ ကျောက်မျက်ရတနာပြပွဲများတွင် တင်ပြရောင်းချရန် အတွက် ကျောက်အတွဲများ ဖွဲ့စည်းထားရှိမှုကို လည်းကောင်း၊ ယာယီလက်ခံသိမ်းဆည်းပေးထားသည့် ကျောက်စိမ်းများကို လုံခြုံမှုအာမခံအခန်းအတွင်း သိုလှောင် သိမ်းဆည်းထားရှိမှုများကိုလည်းကောင်း၊ ဝန်ကြီးဌာနနှင့် အကျိုးတူ ကျောက်စိမ်းတူးဖော်သည့်ကုမ္ပဏီများက အပ်နှံ ထားရှိသည့် ၁၅ ဧက ကျောက်စိမ်းသိုလှောင်ရုံများရှိ အကျိုးတူ ကျောက်စိမ်းများ သိုလှောင်ထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment