Thursday, February 20, 2020

ဥပဒေဘာသာပြန် ကော်မရှင် ဆဋ္ဌမအကြိမ် အစည်းအဝေး ကျင်းပ




Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁၉



ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဋ္ဌအဖြစ်ပါဝင်သော ဥပဒေဘာသာပြန်ကော်မရှင်၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုရှေ့နေ ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပဉ္စမအကြိမ် အစည်းအဝေးတွင် ဥပဒေ ၄ ခု ဆွေးနွေးခဲ့ပြီး ယင်းဥပဒေ ၄ ခု၏ ဘာသာပြန်ဆိုချက်ကို မကြာမီ စာအုပ်အမှတ်၊ ၇ အဖြစ် ထုတ်ဝေနိုင်မည်ဖြစ်ပါ ကြောင်း၊ စာအုပ်အမှတ်၊ ၆ အထိ ဥပဒေ ၂၀ ခုကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေး ၃ ရက်တွင် The Penal Code ၊ The Negotiable Instru-ments Act နှင့် The Public Property Protection Act တို့ကို ဆွေးနွေးအတည်ပြု မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့ငယ်များတွင် ဘာသာပြန်ဆို ဆောင်ရွက်ဆဲ ဥပဒေ ၁၆ ခု ရှိပါကြောင်း၊ ဆောင်ရွက်ဆဲဥပဒေများမပါ ဘာသာပြန်ဆိုရန် ဥပဒေ ၃၈ ခု ကျန်ရှိပါကြောင်းနှင့် ဥပဒေဘာသာပြန်လုပ်ငန်းများ အောင်အောင် မြင်မြင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေ လိုပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment