Thursday, February 6, 2020

ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ဂျပန်နိုင်ငံ ချိဘခရိုင်အစိုးရအဖွဲ့မှ Assistant Director General နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 4 people, people sitting, table and indoor
နေပြည်တော် ဖေဖော်ဝါရီ ၅
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဂျပန် နိုင်ငံ ချိဘခရိုင်အစိုးရအဖွဲ့မှ Assistant Director General, Mr. Eguchi Yo နှင့်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် ဂျပန်နိုင်ငံ ချိဘခရိုင်အတွင်း အလုပ်သင် အလုပ်သမားများ ခေါ်ယူမည့်အစီအစဉ်များ၊ အလုပ်သင် အလုပ်သမားများ သင်တန်းတက်ရောက်နေစဉ် ကာလ များအတွင်း ငွေကြေးထောက်ပံ့မှု အစီအစဉ်များ၊ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး အစီအစဉ်များ၊ ဂျပန်နိုင်ငံတွင် နှစ်ရှည်အလုပ်လုပ်ခွင့်ရရှိနိုင်မည့် အခြေ အနေများ၊ မြန်မာနိုင်ငံရှိ ဂျပန်ဘာသာစကားသင်တန်း ကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အစီအမံများ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အလုပ်သင် အလုပ် သမားခေါ်ယူရေး နှစ်နိုင်ငံနားလည်မှု စာချွန်လွှာရေးထိုး ထားမှု၊ မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများ စေလွှတ်ရာတွင် လုပ်ငန်းခွင်အဆင်ပြေစေရေး၊ ဝန်ဆောင်ခ သက်သာမှုရှိစေရေးနှင့် လုပ်သားများစေလွှတ်ရာတွင် အဆင် ပြေချောမွေ့စေရေးအတွက် ဂျပန်ဘာသာစကားသင်တန်း ကျောင်းများ ဖွင့်လှစ်နိုင်ရေးကိစ္စ၊ ဂျပန်နိုင်ငံ ချိဘခရိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ လက်ရှိဆောင်ရွက်နေသည့် သက်ကြီး ရွယ်အိုစောင့်ရှောက်ရေး လုပ်သားများခေါ်ယူမည့် အစီ အစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံမှ အလုပ်သင်အလုပ်သမား စေလွှတ်ရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် သွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း နှစ်ဖက်အမြင် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်

No comments:

Post a Comment