Tuesday, February 25, 2020

ပြည်သူ့ရေးရာမူဝါဒနှင့် အခြေခံလူမှုရေးသုတေသန နည်းစနစ်သင်တန်းဖွင့်လှစ်



Image may contain: one or more people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၄



ပြည်သူ့ရေးရာမူဝါဒ (Public Policy) နှင့် အခြေခံလူမှုရေးသုတေသနနည်း စနစ် (Basic Social Research Methodology) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ ပို့ချမည့် ပြည်သူ့ရေးရာမူဝါဒ (Public Policy) နှင့် အခြေခံလူမှုရေးသုတေသန နည်းစနစ် (Basic Social Research Methodology) တို့သည် ရာထူး အဆင့်အသီးသီးတွင် တာဝန်ထမ်း‌‌ ဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ အတွက် အများပြည်သူနှင့် သက်ဆိုင် သည့် မူဝါဒများချမှတ်ရာတွင် အလွန် အရေးကြီးပါကြောင်း၊ မူဝါဒဟုဆိုရာ တွင် ဆောင်ရန်၊ ရှောင်ရန်ကိစ္စရပ်များ ပါဝင်ပါကြောင်း၊ မူဝါဒမှန်ကန်စေရန် အတွက် နည်းစနစ်မှန်ကန်စွာဖြင့် သုတေသနလုပ်ကိုင်တတ်ရန် အရေး ကြီးပါကြောင်း၊ သုတေသနမှ ရရှိလာ သည့်ရလဒ်များကို သုံးသပ်ပြီး ကာလ ဒေသအခြေအ‌နေ အချိန်အခါနှင့် သင့်လျော်ကိုက်ညီပြီး မှန်ကန် ကောင်းမွန်သည့်မူဝါဒများကို ချမှတ် ရပါကြောင်း၊ ထို့ကြောင့် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် ယခု သင်တန်းကို စိတ်ပါဝင်စားစွာဖြင့် တက်‌ရောက်သင်ယူပြီး သင်တန်းမှ ရရှိလာမည့် အဖိုးတန်အသိပညာ၊ ဗဟုသုတများကို ဌာနအတွက်၊ နိုင်ငံ အတွက် အကောင်းဆုံးဖြစ်အောင် ထိထိရောက်ရောက် အသုံးချပြီး သင်တန်းတက်ရောက်ခွင့် မရရှိ သည့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ထပ်ဆင့် မျှဝေစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ The Asia Fou-ndation မှ အထူးစီမံကိန်းများ ယူနစ်မန်နေဂျာ ဒေါ်မီကီကျော်မြင့် က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သင်တန်းကိုဖေဖော်ဝါရီ ၂၈ ရက် အထိ ငါးရက်တာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းသို့ ပြန်ကြားရေး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၃၁ ဦး တက်ရောက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment