Tuesday, February 25, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ဥက္ကဋ္ဌ ဦးမင်းခိုင်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ




Image may contain: 6 people, people sitting
နေပြည်တော် ဖေဖော်ဝါရီ ၂၄


 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့ နံနက်၁၀နာရီခွဲက မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ၏ဥက္ကဋ္ဌ ဦးမင်းခိုင်နှင့်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လယ်ယာထွက်ကုန် ပစ္စည်းဖြစ်သော ပြောင်းကို ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရေး၊ ကုန်ကြမ်း တင်ပို့နေမှုမှ ကုန်ချောအဖြစ် တင်ပို့နိုင်ရေး၊ ပြောင်းနှင့် ပတ်သက်၍ အရည်အသွေးပြည့်မီစေရေး၊ လက်ရှိကာလ တွင် စျေးကွက်လိုအပ်ချက်ရှိနေသည့်အတွက် ပြောင်း တင်ပို့မှု တိုးတက်မြင့်မားလာသော်လည်း ရေရှည် တင်ပို့နိုင်ရေးအတွက် နည်းလမ်းများအား ရှာဖွေ ဆောင်ရွက်သွားရေး၊ ပြောင်းဈေးကွက်တွင် ထိန်းချုပ်မှု များရှိနေခြင်းကြောင့် ပြောင်းဈေးကွက် တည်ငြိမ်အောင် ဝိုင်းဝန်းကြိုးပမ်းသွားရေး၊ ပြောင်းအား နိုင်ငံတကာ စျေးကွက်သို့ ပိုမိုတိုးချဲ့ တင်ပို့သွားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် သွားနိုင်ရေးကိစ္စရပ်များနှင့် လယ်ယာထွက်ကုန်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ဝင်ရောက်လာ စေရန် ဖိတ်ခေါ်သွားနိုင်ရေးဆိုင်ရာ နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်

No comments:

Post a Comment