Tuesday, February 25, 2020

အမျိုးသားအဆင့် အက်ဆစ်ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှုစောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လူထုအသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ




Image may contain: one or more people and basketball court
နေပြည်တော် ဖေဖော်ဝါရီ ၂၄



ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့် လေ့လာရေးကွန်ရက်(EANET) တို့ ပူးပေါင်းပြီး “အမျိုးသားအဆင့် အက်ဆစ်ဖြစ်ထွန်းမှုနှင့် လေထု ညစ်ညမ်းမှု စောင့်ကြည့်လေ့လာခြင်း ဆိုင်ရာ လူထုအသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ”အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ Hotel Royal Aster ၌ ကျင်းပသည်။
ကြိုဆိုနှုတ်ခွန်းဆက်
အခမ်းအနားတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး အရှေ့အာရှ အက်ဆစ် ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေး ကွန်ရက်(EANET)မှ အတွင်းရေးမှူး Mr. Tomi Haryadi က အမှာစကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် EANET မှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များက EANET အဖွဲ့ဝင်နိုင်ငံများတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်များ နှင့် စီမံကိန်းလုပ်ငန်းများ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် အက်ဆစ် ဖြစ်ထွန်းခြင်းနှင့် လေထုညစ်ညမ်းမှု ဖြစ်စဉ်များကို သက်ရောက်မှုများ၊ ဒေသတွင်းနိုင်ငံများတွင် မျက်မှောက် ကာလ၌ ကြုံတွေ့နေရသည့် လေထု ညစ်ညမ်းမှုဖြစ်စဉ်များ၊ စောင့်ကြည့် လေ့လာသည့် ရလဒ်နှင့် တွေ့ရှိချက် များ၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် အောင်မြင်မှုများ ကို အပြန်အလှန်ဆွေးနွေးခြင်းနှင့် လေထုညစ်ညမ်းမှု လျော့ပါးရေး ဆိုင်ရာလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် အဖွဲ့လိုက်ဆွေးနွေးကြသည်။
စွမ်းဆောင်ရည် တိုးမြှင့်စေရန်
အလုပ်ရုံဆွေးနွေးပွဲကို လေထု ညစ်ညမ်းမှု ကာကွယ်တားဆီးရေးနှင့် ယင်းနှင့် ဆက်စပ်သည့် ကိစ္စရပ်များ အပေါ် သိရှိနားလည်စေရန်နှင့် လက်ရှိ ဆောင်ရွက်နေသော လေထုညစ်ညမ်း မှု လျော့ပါးရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများတွင် စွမ်းဆောင်ရည် တိုးမြှင့်စေရန်အတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၅ ရက်ထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
တက်ရောက်
အခမ်းအနားသို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်း အတွင်းဝန်ဦးစိုးသိန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့် လေ့လာရေးကွန်ရက် (EANET)မှ ပညာရှင်များ၊ ဆက်စပ်ဦးစီးဌာနများ မှ တာဝန်ရှိသူများ၊ သုတေသန အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment