Wednesday, February 19, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား လက်ခံတွေ့ဆုံ




Image may contain: 1 person, sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၁၈



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment