Wednesday, February 26, 2020

ကူဝိတ်နိုင်ငံ (၅၉)နှစ်မြောက် အမျိုးသားနေ့နှင့် (၂၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ




Image may contain: 2 people, people standing and food
ရန်ကုန် ဖေဖော်ဝါရီ ၂၅



ကူဝိတ်နိုင်ငံ၏ (၅၉)နှစ်မြောက် အမျိုးသားနေ့ နှင့် (၂၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီ တွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဇနီးတို့ တက်ရောက်ကြသည်။
နိုင်ငံတော်သီချင်းများဖြင့် အခမ်းအနားဖွင့်
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သီချင်းနှင့် ကူဝိတ်နိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို စတင် ဖွင့်လှစ် သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံ သံရုံးယာယီ တာဝန်ခံ Mr. Adel M F A Al Adghan တို့က ကူဝိတ်နိုင်ငံ၏ (၅၉)နှစ်မြောက် အမျိုးသားနေ့ နှင့် (၂၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြ သည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံ သံရုံးယာယီတာဝန်ခံတို့က တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာ ကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ် နိုင်ငံ သံရုံးယာယီတာဝန်ခံက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment