Saturday, February 1, 2020

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့် တွေ့ဆုံ


Image may contain: 1 person, on stage
နေပြည်တော် ဇန်နဝါရီ ၃၁
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သတင်းစာရှင်းလင်းခန်းမ၌ သတင်း မီဒီယာများနှင့် တွေ့ဆုံပြီး နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ် နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို မွန်ပြည်သစ်ပါတီ၏ ခေါင်းဆောင်များ လာရောက်တွေ့ဆုံခဲ့ပါကြောင်း၊ မွန် ပြည်သစ်ပါတီအနေဖြင့် ပါတီညီလာခံလုပ်ဆောင်ပြီးနောက် ခေါင်းဆောင်မှုအပြောင်းအလဲများဖြစ်ပေါ်ခဲ့ပြီး ခေါင်းဆောင် အပြောင်းအလဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ၎င်းတို့၏ Commitment ကို လာရောက် တင်ပြပြောကြားခြင်း ဖြစ်ပါကြောင်း။
မော်တော်ယာဉ်တင်သွင်းခွင့် ဆိုင်းငံ့
ဝန်ထမ်းများ မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ မူလရည်ရွယ်ချက်မှာ အငြိမ်းစားသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊ ပင်စင်သွားခါနီးဝန်ထမ်းများကို ရည်ရွယ် ၍ စတင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုအခါတွင် မော်တော်ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်၍ ဆိုင်းငံ့ထားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက် ၍ အကြီးအကဲများအနေဖြင့် ပြန်လည်သုံးသပ်ဆောင်ရွက် ရန် ရှိပါကြောင်း။
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) ၏ အပြီးသတ်အစီရင်ခံစာကို ဇန်နဝါရီ ၂၀ ရက်တွင် နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့် ယင်းအစီရင်ခံစာအပြည့်အစုံကို ပြည်ထောင်စုရှေ့နေချုပ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံးအနေဖြင့် ဇန်နဝါရီ ၂၁ ရက်တွင် ကြေညာချက် များ ထုတ်ပြန်ထားပါကြောင်း၊ ထို့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါကြောင်း၊ အစီရင် ခံစာအကျဉ်းချုပ်ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါ ကြောင်း၊ တစ်ဆက်တည်းမှာပင် စစ်ဥပဒေချုပ်ရုံးမှ တပ်မတော်အနေဖြင့် စုံစမ်းစစ်ဆေးမှုဆောင်ရွက်သွားမည့် အကြောင်းကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ဇန်နဝါရီ ၂၂ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် တရားစွဲဆိုမှုများပြုလုပ်ရန် ကြေညာချက် ထုတ်ပြန်ခဲ့ပါကြောင်း၊ ဇန်နဝါရီ ၂၄ ရက်တွင် ICOE အစီရင် ခံစာအပေါ်အခြေခံ၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေး ခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်း ခဲ့ပါကြောင်း။
အဖွဲ့၏လုပ်ငန်းတာဝန်များမှာ အစီရင်ခံစာပါ ရခိုင် ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကာလများ တွင် ARSA အဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်အတူ ပူးပေါင်းပါဝင် သူများကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ တရားစွဲဆိုရေး ဆောင်ရွက်ရန်၊ အစီရင်ခံစာအရ ရာဇဝတ်မှုကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့် အညီ တရားစွဲဆိုရေး၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း အရပ်သားများ ကျူးလွန်ခဲ့သည့် ရာဇဝတ် မှုများကိုလည်း စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ တရား စွဲဆိုရေး ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူမှု အသိုင်းအဝိုင်းအားလုံးက ဒေသခံများအတွက် တရားစွဲဆို ခွင့်တိုင်တန်းမှုများကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများ အပါအဝင် ဖြေရှင်းဆောင်ရွက်ရန် သင့်လျော်သည့် နည်းလမ်းများရရှိရေး မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် အကူးအပြောင်းကာလ တရားမျှတမှုနှင့် သက်ဆိုင်သည့်လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်ရေးနှင့် နိုင်ငံတော်သမ္မတက အစီရင်ခံစာနှင့်စပ်လျဉ်း၍ အခြား ပေးအပ်သည့် တာဝန်များထမ်းဆောင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ပါကြောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ICOE အစီရင်ခံစာ နောက်ဆက်တွဲ ဖြစ်စဉ်ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ အပြည့် အစုံကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါကြောင်း။
စစ်ဆေးမှုများပြုလုပ်ခဲ့
ကိုရိုနာဗိုင်းရပ်စ်ကို ဇန်နဝါရီ ၇ ရက်တွင် တရုတ်နိုင်ငံ က စတင်အတည်ပြုခဲ့ပါကြောင်း၊ ထိုသို့အတည်ပြုပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များ၊ ဆိုက်ရောက်နေရာ များနှင့် နယ်စပ်ဂိတ်များတွင် Screen Test စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဇန်နဝါရီ ၂၂ ရက်တွင် ဗိုလ်တထောင် ဟိုတယ်တွင် တည်းခိုနေသည့် တရုတ်နိုင်ငံသား ၁၉ ဦး အနက် ဝူဟန်မြို့သို့ရောက်ခဲ့သူတစ်ဦးမှာ ဖျားနာသည့် အတွက် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ပါကြောင်း၊ ယင်းမှာရိုးရိုးဖျားနာခြင်း သာဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ လွယ်ဂျယ်မြို့၌ နေထိုင်နေသူတစ်ဦးမှာ ဇန်နဝါရီ ၁၁ ရက်တွင် ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိနေကြောင်း သတင်းရရှိသည့်အတွက် ဇန်နဝါရီ ၂၆ ရက်တွင် သွားရောက်စစ်ဆေးရာ ဖျားနာမှု မရှိဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း၊ သို့သော်လည်း အိမ်အပြင်သို့ ၂ ပတ်တိတိ မထွက်ဘဲနေရန် စောင့်ကြည့် နေပါကြောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် မူဆယ်မြို့ မြန်မာ- တရုတ် ဝင်ပေါက်၊ ထွက်ပေါက်တွင် ရွှေလီမှ မူဆယ်သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသမီးတစ်ဦးအား စစ်ဆေးရာတွင် အပူချိန်လွန်ကဲနေသည့်အတွက် ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရာ ကိုရိုနာဗိုင်းရပ်စ်မရှိဘဲ ရိုးရိုးဖျားနာခြင်း ဖြစ်ပါကြောင်း၊ နောက်ဖြစ်စဉ်တစ်ခုမှာ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှ ပြန်လည်ရောက်ရှိလာပြီး ပုဗ္ဗသီရိဆေးရုံ၌ ဆေးဝါးကုသနေသူအား စစ်ဆေးရာရိုးရိုးအဖျားဖြစ်သည်ဟု သိရပါကြောင်း၊ မိတ္ထီလာမြို့နယ် ပြင်သာကျေးရွာ၌ နေထိုင်သူတစ်ဦးမှာ တရုတ်နိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး ဇန်နဝါရီ ၁ ရက်တွင် ပြန်လည်ရောက်ရှိလာကာ ချောင်းဆိုး ဖျားနာသည့်အတွက် မိတ္ထီလာဆေးရုံ၌ ဓာတ်မှန်ရိုက် စစ်ဆေးရာ အဆုတ်တွင်အနာတွေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ် သံသယရှိသည့်အတွက် သီးသန့်အခန်းတွင် ထားရှိကုသ နေစဉ် ဆိုင်ကယ်တက္ကစီဖြင့် ထွက်ပြေးသွားပါကြောင်း၊ ယခုအခါပြန်လည်ခေါ်ယူပြီး မိတ္ထီလာဆေးရုံအထူးကြပ်မတ် ဆောင်၌ ကုသလျက်ရှိပါကြောင်း၊ ဇန်နဝါရီ ၃၀ ရက်တွင် “၂၀၁၉ Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ”ကို ဖွဲ့စည်းခဲ့ပါကြောင်း။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ရောက်ရှိနေသော မြန်မာ ကျောင်းသား ကျောင်းသူ ၆၃ ဦးကို ပြန်လည်ခေါ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကျောင်းသား ကျောင်းသူများကို အထူးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ထားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့သို့ အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည် ခေါ်ဆောင်ပြီး မန္တလေးလေဆိပ်သို့ ဆိုက်ရောက်မည် ဖြစ်ပါ ကြောင်း၊ အဆိုပါ ကျောင်းသား ကျောင်းသူ ၆၃ ဦးကို မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် ထားရှိစောင့်ကြည့် သွားရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ၂၄ နာရီ စောင့်ကြည့်ပြီး ၁၄ ရက် ထားရှိမည်ဖြစ်ပါကြောင်း၊ သယ်ဆောင်လာသည့် လေယာဉ်ကို မန္တလေးမြို့တွင် ပိုးသတ်မှုများ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
မေးမြန်း
ထို့နောက် သတင်းမီဒီယာများက ICJ ကြားဖြတ် အမိန့်နှင့် ပတ်သက်သည့်ကိစ္စများ၊ ICOE အစီရင်ခံစာနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးအနေဖြင့် တပ်မတော်သို့ ညွှန်ကြားထားမှုအခြေအနေ၊ လက်ရှိအစိုးရလက်ထက်၌ ဗိုလ်ရှုသဘင်အခမ်းအနားကျင်းပရန် အစီအစဉ် ရှိ/ မရှိ၊ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ နယ်စပ်ဂိတ်များပိတ်ထားမှု ရှိ/ မရှိ၊ ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ကျောင်းသူများ ခေါ်ယူမှုအခြေအနေ၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တွေ့ဆုံရန် အစီအစဉ် ရှိ/မရှိ၊ ဗစ်တိုးရီးယားကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၂၀ ပြည့်နှစ်တွင် အစိုးရ၏ငြိမ်းချမ်းရေး မျှော်မှန်းချက်အခြေအနေ၊ တရားခံ ပြေးများနှင့်ပတ်သက်၍ ဖမ်းဆီးရမိရေးဆောင်ရွက်နေမှု အခြေအနေ၊ ဝန်ထမ်းများ မော်တော်ယာဉ်တင်သွင်းခွင့် ဆိုင်းငံ့ထားရှိမှုအခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ရှိ/မရှိကို အတည်ပြုနိုင်ခြင်းရှိ/မရှိအခြေအနေ၊ လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်လာရန် အတွက် အစိုးရအနေဖြင့် ဆောင်ရွက်ခဲ့မှုအခြေအနေ အပါ အဝင် အခြားသိရှိလိုသည့် အချက်အလက်များကို မေးမြန်း ကြသည်။
မေးမြန်းချက်များနှင့်စပ်လျဉ်း၍ ဦးဇော်ဌေးက ICJ မှ Provisional Measures ချမှတ်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက် ထုတ်ပြန်ထားပါ ကြောင်း၊ အဆိုပါထုတ်ပြန်ချက်တွင် ဆောင်ရွက်ထားမှု များကို ထုတ်ပြန်ထားပါကြောင်း၊ အဆိုပါထုတ်ပြန်ချက် နောက်ဆုံးအပိုဒ်တွင် ICJ ၏ Provisional Measures သည် မိမိတို့နိုင်ငံအား တရားစီရင်ခွင့်ရှိခြင်း မရှိခြင်းကို ယင်းအပိုဒ်တွင် ဖော်ပြထားပါကြောင်း၊ ထို့အတွက် သဘောထားကို တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ဖြစ်စဉ်ကို ပြန်ကြည့်လျှင်
ဂမ်ဘီယာနိုင်ငံက (၆)ချက် တောင်းဆိုပါကြောင်း၊ ICJ က (၄)ချက် ချမှတ်ထားပါကြောင်း၊ ချမှတ်ချက်များနှင့်စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သည့် စကားဝိုင်းကို ထုတ်လွှင့်ထားပါကြောင်း၊ မိမိတို့နိုင်ငံတွင် Genocide လုံးဝမရှိပါကြောင်း၊ မရှိသည့်အတွက် ယင်း အမှုကို စီရင်ရာတွင် မြန်မာနိုင်ငံက နိုင်ကိုနိုင်မည်ဆိုသည် ကို ပြောထားပြီးဖြစ်ပါကြောင်း၊ Provisional Measures နှင့်ပတ်သက်ပြီး မည်သို့တုံ့ပြန်မည်ကို ပြောကြားရန်မရှိပါ ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာရှေ့နေများ ငှားထား ပြီး တိုင်ပင်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ICJ သို့ သွားရောက်ရှင်းလင်းရာတွင် Genocide မရှိကြောင်းကို ပြောကြားထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ လိုက်နာ မည်ဟု လက်မှတ်ရေးထိုးထားသည့် Article 2 နှင့် 3 ကို ပြန်ချမှတ်ခြင်းဖြစ်ပါကြောင်း၊ ကွန်ဗင်းရှင်းက အချက်များ ပြန်လည်ထည့်သွင်းခြင်းဖြစ်ပြီး ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များကို ထည့်သွင်းခြင်းမဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံက လိုက်နာမည်ဟု လက်မှတ်ရေးထိုးထားသည့် အချက်များကို လိုက်နာရန် ပြန်ပြောခြင်းသာဖြစ်ပါ ကြောင်း။
ICOE အစီရင်ခံစာနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားပါ ကြောင်း၊ ဗိုလ်ရှုသဘင်ကျင်းပရန်ကိစ္စမှာ အကြီးအကဲများ စဉ်းစားဆုံးဖြတ်ကြမည်ဖြစ်ပါကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်မှုမရှိစေရန် နိုင်ငံတော်အစိုးရအနေဖြင့် စစ်ဆေးမှုဆောင်ရွက်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာ နေရာများတွင်လည်း ဝင်ရောက်လာမှုမရှိစေရန် ဆက်သွယ် ပြောကြားထားပြီးဖြစ်ပါကြောင်း၊ ဝူဟန်မြို့ရှိ မြန်မာ ကျောင်းသား ကျောင်းသူများကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ခေါ်ယူပြီး မန္တလေးမြို့ သီးသန့်ဆေးရုံ၌ စစ်ဆေး စောင့်ကြည့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရားခံပြေးများဖမ်းဆီးနိုင်ရေးနှင့်စပ်လျဉ်း၍ မိသင့်မိထိုက် သူများ ဖမ်းဆီးနိုင်ရေးအတွက် ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်း၌ ရှိ/မရှိ အတည်ပြုနိုင် ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးအတွက် AA အဖွဲ့ အပေါ် လွှမ်းမိုးမှုရှိသည့်အဖွဲ့အစည်းများနှင့် နိုင်ငံများကို ပြောကြားခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့ပြင် ဦးဇော်ဌေးက မေးခွန်းများနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment