Tuesday, February 4, 2020

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

Image may contain: 1 person, standing
နေပြည်တော် ဖေဖော်ဝါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ် သင်တန်းကျောင်း၌ ကျင်းပသည်။
လျင်မြန်စွာဖြန့်ဖြူး
ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခုသင်တန်းသည် ၂၀၂ဝ ပြည့်နှစ်၏ ပထမဆုံးသင်တန်းဖြစ်ပြီး သင်တန်း ရည်ရွယ်ချက်များနှင့် ပို့ချမည့်သင်ခန်းစာများသည် ယနေ့ ခေတ်၏ မီဒီယာဆိုင်ရာလိုအပ်ချက်များကို အထောက် အကူပြုသည့်အတွက် ကောင်းမွန်ပါကြောင်း၊ ဝန်ကြီးဌာန၏ တာဝန်များမှာ ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေ ပေးရန်ဖြစ်ပြီး ပြည်သူများသို့ ပြန်ကြားပေးရန်တာဝန်သည် များစွာအရေးကြီးပါကြောင်း၊ ပြည်သူများကို အသိပညာပေး နိုင်ရန်အတွက် နေ့စဉ်ဖြစ်ပေါ်နေသည့် အကြောင်းအရာ များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာစောင့်ကြည့်ရမည် ဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ မှန်ကန်သည့်သတင်းအချက် အလက်များကို ပြည်သူများသိရှိအောင် လျင်မြန်စွာဖြန့်ဖြူး ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ ယခုသင်တန်းတွင် ဌာန ဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများအပြင် စာကြည့်တိုက်လုပ်ငန်းနှင့် Media Information ဆိုင်ရာ များပါဝင်၍ သင်တန်းမှ ပို့ချပေးမှုများကို သင်တန်းသား များက သေချာလေ့လာသင်ယူကြရန် လိုအပ်ကြောင်း။
ပြန်လည်မျှဝေရမည်
သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို နားလည်တတ်ကျွမ်းအောင် ကြိုးစားသင်ယူကြရန် လိုအပ်ပြီး တာဝန်ကျရာ နေရာများသို့ ရောက်ရှိပါက ယခုသင်တန်းမှ သင်ခန်းစာများကို ပြန်လည်အသုံးချကြရ မည့်အပြင် သင်တန်းမတက်ရသေးသည့် ဝန်ထမ်းများအား ပြန်လည်မျှဝေပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဝန်ကြီးဌာန၏ရည်မှန်းချက်များနှင့် ဦးစီးဌာန၏ လုပ်ငန်းများကို စွမ်းဆောင်ရည်မြင့်မားစွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ကျွမ်းကျင်သည့်ဝန်ထမ်း များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်း များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်ဦးစီးမှူးအဆင့် သင်တန်းသား သင်တန်းသူ ၃၅ ဦးက ဖေဖော်ဝါရီ ၂၈ ရက်ထိ တက်ရောက် ကြမည်ဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment