နေပြည်တော် ဖေဖော်ဝါရီ ၃
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၏ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ ဟော်လုံ (ဟော်နန်း) မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်လတ်က ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း ထားသည့် မြေနေရာသည် ဌာနအမည်ပေါက် မြေလွှဲရရှိထားပြီး အဆိုပါ မြေပေါ် တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကလုပ်ငန်း ရှင်နှစ်ဦးကို နှစ်(၇၀) နှစ်ရှည်ငှားရမ်းထားသော ဟိုတယ်များ ဆောက်လုပ်တည် ရှိနေပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေပါကြောင်း၊ ထို့ကြောင့် ဌာနက တရားဝင်အငှားချထားသည့် စာချုပ်များ သက်တမ်းကုန်ဆုံးခြင်း မရှိသေးပါသဖြင့် ယင်းစာချုပ်များ သက်တမ်းကုန်ဆုံးချိန်တွင် ပြည်သူပိုင်သိမ်း အဆောက်အအုံများကို မူလပိုင်ရှင်နှင့် ပိုင်ရှင်၏ဆက်ခံသူများက ပြန်လည် လျှောက်ထားသည့် ကိစ္စများနှင့်စပ်လျဉ်း၍ လိုက်နာရမည့် ညွှန်ကြားချက်များနှင့် အညီ စဉ်းစားဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆမီးမြို့တွင်း မြို့ရှောင်လမ်းအား မူလလမ်းအကျယ် ၁၈ ပေမှ ၃၄ ပေ အကျယ် လမ်းတာချဲ့ခြင်းလုပ်ငန်းကို ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင်း မြို့ရှောင်လမ်း ၁၈ ပေအကျယ် မှ ပေ ၅၀ အကျယ် တာချဲ့ခြင်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဆမီးမြို့တွင်း မြို့ရှောင် လမ်းအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရန်အတွက် မူလလမ်းအကျယ် ၁၈ ပေမှ ၃၄ ပေအကျယ် လမ်းတာချဲ့ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၏ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရပ်ကွက်မှ စင့်ကင်ကျေးရွာသို့ တာပိန်ချောင်းကို ဖြတ်၍ ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်တံတား ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က တာပိန်မြစ်ကူးတံတားသည် ချဉ်းကပ်လမ်းအပါအဝင် စုစုပေါင်းအရှည်ပေ ၂၀၀ဝ ခန့် တည်ဆောက်ရမည်ဖြစ်သည့်အတွက် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ကျွမ်းကျင်ပညာရှင်များဖြင့် တံတားတည်ဆောက်ရန်အတွက် Feasibility Study ကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ နောက်ပိုင်းကာလ များတွင် ရန်ပုံငွေများတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၏ ရန်ကုန်တိုင်း ဒေသကြီး၊ ထောက်ကြန့် မြို့ရှောင်ကတ္တရာလမ်းအရှည် ၁ မိုင် ၇ ဖာလုံအား ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် လမ်းနယ်ကျူးကျော် အဆောက်အအုံများကို စနစ်တကျဖယ်ရှားပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းက မက်(စ်)ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ ထောက်ကြန့်မြို့ရှောင်လမ်းအား ၂၄ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းနှင့် နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် စတုရန်းပေ ၂၀၀၀၀ အား ကတ္တရာကွန်ကရစ်ဖြင့် လမ်းပေါက်ဖာထေးခြင်းလုပ်ငန်းနှင့် ကျောက်ကတ္တရာဖြင့် စတုရန်းပေ ၃၁၆၈၀ အား မျက်နှာပြင်ညှိလွှာခင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ စတုရန်းပေ ၄၀၀၀ နှင့် စတုရန်းပေ ၅၇၆၀ တို့ လုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း။
ထောက်ကြန့်မြို့ရှောင်လမ်း မိုင်တိုင်(၀/၀)မှ (၀/၄)အကြား လမ်းဘေး ဝဲ/ ယာ ရှိ လမ်းနယ် ပေ ၃၀၀ တွင် ကျူးကျော်နေသည့် အဆောက်အအုံ ၄၄ လုံးအား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ပထမအကြိမ်၊ ဒီဇင်ဘာ ၃ ရက်တွင် ဒုတိယအကြိမ် Notice စာ ပေးပို့ထားပြီးဖြစ်ပါကြောင်းနှင့် ဒီဇင်ဘာ ၂၄ ရက်တွင် ကျူးကျော်နေသူများအား တတိယအကြိမ် သတိပေးအကြောင်းကြား စာပေးပို့ပြီးဖြစ်၍ ဖယ်ရှားရှင်းလင်းပေးခြင်းမရှိပါက လမ်းမကြီးများဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လမ်းနယ်အတွင်း ကျူးကျော်ဝင်ရောက်မှုများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးပါက ထောက်ကြန့်မြို့ရှောင်လမ်းအား ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်း - တပ်တောင်လမ်းတွင် လမ်းချဲ့ရန် ကျန်ရှိနေသည့် ၂ မိုင် ၂ ဖာလုံနှင့် လမ်းခင်းရန် ကျန်ရှိနေသော ၂ မိုင် ၃ ဖာလုံ၊ လုပ်ငန်းကျန် Over Lay ၄ ဖာလုံအား လာမည့်ဘဏ္ဍာနှစ်တွင် အပြီးသတ်ဆောင်ရွက်ပေးရန် နှင့် အမ်းမြို့နယ်အတွင်း၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်အထိ လမ်းဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာငွေ (ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာငွေ) မည်မျှသုံးစွဲခဲ့သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ အမ်း- တပ်တောင်လမ်း အရှည် ၂၁ မိုင် ၃ ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ လမ်းအခြေအနေမှာ ကတ္တရာလမ်း ၁၈ မိုင် ၄ ဖာလုံနှင့် ကျောက်ချောလမ်း ၂ မိုင် ၇ ဖာလုံဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ ၁ မိုင် ၄ ဒသမ ၅ ဖာလုံအား ၁၂ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း၊ ၁ မိုင်အား ပေ ၄၀ အကျယ် မြေသားတာပေါင်ချဲ့ခြင်း၊ ၃ ဖာလုံအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် အရှည်ပေ ၅၀ အထက် (တည်ဆောက်ဆဲ) တံတားလေးစင်းတို့ကို ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း/ ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေကျပ် ၁၁၃၈ ဒသမ ၂၅ သန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရန် ကျန်ရှိနေသည့် ၁ မိုင် ၂ ဒသမ ၅ ဖာလုံအား ပေ ၄၀ အကျယ် မြေသားတာပေါင်ချဲ့ခြင်းနှင့် ကတ္တရာလမ်း အဖြစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ အဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
အမ်းမြို့နယ်အတွင်းရှိ မင်းဘူး-အမ်း-စစ်တွေလမ်း အရှည် ၆၄ မိုင် ၆ ဖာလုံ၊ အမ်း-တပ်တောင်လမ်း အရှည် ၂၁ မိုင် ၃ ဖာလုံ၊ အမ်း - ပဒဲကြော - မအီ လမ်းအရှည် ၃၆ မိုင် ၅ ဖာလုံ၊ ညောင်ချောင်း - တပ်တောင်လမ်းအရှည် ၇ မိုင်၊ အမ်းမြို့တွင်း လမ်းအရှည် ၁ မိုင် ၃ ဖာလုံနှင့် တပ်တောင်-ရူး-တမန်းဒူး လမ်းအရှည် ၂၆ မိုင် ၁ ဖာလုံ စုစုပေါင်း လမ်းအရှည် ၁၅၇ မိုင် ၂ ဖာလုံသည် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းပိုင်းများဖြစ်ပါကြောင်း။
နှစ်စဉ် လမ်း၊ တံတားများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ
အမ်းမြို့နယ်အတွင်းရှိ အဆိုပါ လမ်းပိုင်းများအတွက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံနှင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၈ ဒသမ ၄၁၅ ဘီလီယံ စုစုပေါင်းရန်ပုံငွေကျပ် ၃၅ ဒသမ ၉၁၅ ဘီလီယံရရှိခဲ့ပြီး မြေစီခင်းခြင်း ၃ ဖာလုံ၊ ကွန်ကရစ်လမ်းခင်းခြင်း ၆ ဖာလုံ၊ ကတ္တရာလမ်းခင်းခြင်း ၁၃ မိုင်၊ ၁၈ ပေနှင့် အထက် ကတ္တရာလမ်းချဲ့ခြင်း ၁၀ မိုင် ၆ ဒသမ ၅ ဖာလုံ၊ ကျောက်ချောလမ်း နှင့် အမာခံလမ်းခင်းခြင်း ၁၈ မိုင် ၁ ဒသမ ၅ ဖာလုံ၊ မြေသားတာပေါင်တည် ဆောက်ခြင်း ၄၂ မိုင် ၇ ဒသမ ၅ ဖာလုံ၊ မြေထိန်းနံရံတည်ဆောက်ခြင်း ပေ ၆၇၆၀၊ ပေ ၁၈၀ အောက် တည်ဆောက်ပြီးတံတား ၆၄ စင်းနှင့် တည်ဆောက်ဆဲ တံတားသုံးစင်း၊ ပေ ၁၈၀ အထက် တည်ဆောက်ပြီး တံတားတစ်စင်းနှင့် တည်ဆောက်ဆဲတံတားနှစ်စင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့ပြင် နှစ်စဉ် လမ်း၊ တံတားများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပလက်ဝ- အဘောင်သား- ခဝဲ ကားလမ်းပေါ်ရှိ ရုပ်ချောင်း ကြိုးတံတားဟောင်းအား အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လွှတ်တော် ကိုယ်စားလှယ် မေးမြန်းထားသည့် ရုပ်ချောင်းကြိုးတံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့် (၃) လမ်းပေါ်တွင် တည်ရှိသော တံတားဖြစ်သည့်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်းကာလများတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီ အေးက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင် ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသား စာကြည့်တိုက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး စတုတ္ထနေ့ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး စတုတ္ထနေ့ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ရဲသွင်၊ စိုးဝင်းထွန်း(သတင်းစဉ်)
No comments:
Post a Comment