Monday, February 24, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မော်လမြိုင်မြို့ရှိ ကလေး၊ လူငယ်နှင့် အမျိုးသမီးများ စောင့်ရှောက်ရေးဌာနများသို့ သွားရောက်ကြည့်ရှု




Image may contain: one or more people and people sitting
နေပြည်တော် ဖေဖော်ဝါရီ ၂၃


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံ စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ အလှူငွေ များ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းကျောင်းအုပ်ကြီးက သင်တန်းကျောင်း၏ အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းကျောင်းတွင် ဆံပင်ညှပ်၊ ဝရိန်လုပ်ငန်း၊ ကွန်ပျူတာ နှင့် စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ လေ့ကျင့်ဆောင်ရွက် နေမှု၊ ကိုယ်ကာယကျန်းမာသန်စွမ်းရေးအတွက် မြန်မာ့ သိုင်းပညာသင်ကြားလေ့ကျင့်နေမှု၊ ဘက်စုံသုံးအားကစား ကွင်း တည်ဆောက်နေမှုနှင့် သင်တန်းသားအိပ်ဆောင် များကို လှည့်လည်စစ်ဆေး၍ သင်တန်းသားများနှင့် တွေ့ဆုံကာ ဆုံးမစကားပြောကြားသည်။
ယင်းနောက် သင်တန်းသားလူငယ်များက ဆောင်ရွက် ပေးစေလိုသော အချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး သင်တန်းသားများအတွက် လတ်တလောလိုအပ်ချက်များ ဖြည့်ဆည်းရန် ထောက်ပံ့ငွေ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အစိုးရနှင့် ပြည်သူလက်တွဲပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အထူး စောင့်ရှောက်ရန်လိုအပ်သော ကလေးများလေ့ကျင့် သင်ကြားရေးကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ သင်တန်းဆရာမများ၊ ကျောင်းသားမိဘ များ နှင့် တွေ့ဆုံဆွေးနွေး၍ အထူးစောင့်ရှောက်ရန် လိုအပ်သောကလေးငယ်များအား လေ့ကျင့်သင်ကြားပေး နေမှုများကို လိုက်လံကြည့်ရှုသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ် သင်ကြားပေးလျက်ရှိသော ကလေးပြုစုရေးဌာနသို့ သွားရောက်ခဲ့ပြီး ကလေးများအတွက် ကစားစရာ အရုပ်များ ပေးအပ်ကာ အာဟာရကျွေးမွေးသည်။
ထို့နောက် Safe House သို့သွားရောက်၍ စောင့်ရှောက် ထားသော အမျိုးသမီးငယ်များကို နှစ်သိမ့်အားပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment