Friday, January 3, 2020

အမေရိကန်က အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင်အများအပြား စေလွှတ်မည်
No photo description available.
ဝါရှင်တန် ဇန်နဝါရီ ၂
ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးအား ပစ်မှတ်ထားလျက်ရှိ သော ဆန့်ကျင်ဆန္ဒပြမှုများ မြင့်တက်နေခြင်းကြောင့် အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၇၅၀ စေလွှတ်ထားကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီး မက်အက်စ်ပါက ပြောကြားသည်။
အီရတ်နိုင်ငံ၏မြို့တော် ဘဂ္ဂဒက်တွင်ဖြစ်ပွားခဲ့သည့် ဆန့်ကျင်ဆန္ဒပြမှုများသည် အမေရိကန်သံရုံးနံရံများအားဆန္ဒပြသူများက မီးရှို့ခြင်းနှင့် ကျောက်တုံးများဖြင့် ပစ်ခတ်ခြင်းများရှိလာခြင်းကြောင့် ဒီဇင်ဘာ ၃၁ ရက်က အကြမ်းဖက်မှုအဖြစ် ပြောင်းလဲလာခဲ့သည်။
ဆန္ဒပြမှုများမှာ အီရန်က ကျောထောက်နောက်ခံ ပြုထားသော စစ်သွေးကြွများနှင့်ဆက်နွှယ်မှုရှိသည့် အီရတ် နှင့် ဆီးရီးယားရှိ နယ်မြေများအား အမေရိကန်က စစ်ဘက် ဆိုင်ရာတိုက်ခိုက်မှုများ ပြုလုပ်လာပြီးနောက်ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။
အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အဆောက်အဦများ အား တိုးမြှင့်ဆောင်ရွက်လာသည့် ခြိမ်းခြောက်မှုများကို ပြန်လည်လက်တုံ့ပြန်ရာတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်မှုမှာ သင့်တော်မှုရှိသည့်အပြင် ကြိုတင်ကာ ကွယ်မှုလည်းဖြစ်ကြောင်း မက်အက်စ်ပါက အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့သည်။ အမေရိကန်အနေဖြင့် တပ်ဖွဲ့ ဝင် အများအပြား ထပ်မံဖြန့်ကြက်ချထားဖွယ်ရှိကြောင်း ဝါရှင်တန်ကဖော်ပြခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်

No comments:

Post a Comment