Friday, January 3, 2020

လာဘ်ပေးလာဘ်ယူစွဲချက်နှင့်ပတ်သက်၍ ပါလီမန်၏ ကင်းလွတ်ခွင့်ရရှိအောင် ကြိုးစားမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြောကြား
Image may contain: 1 person, smiling
ဂျေရုဆလင် ဇန်နဝါရီ ၂
လာဘ်ပေးလာဘ်ယူမှုစွဲချက်နှင့် အခြားစွဲချက်များအပေါ် ပါလီမန်၏ ကင်းလွတ်ခွင့်ရရှိရန် ကြိုးစားမည်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားသည်။ နေတန်ယာဟုသည် ၎င်း၏ အစိုးရနှင့်ပတ်သက်၍ အပြု သဘောဆောင်သည့်သတင်းများကို ဖော်ပြပေးရန်အတွက် အတုံ့အလှည့်သဘောဖြင့် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုကို ဦးစားပေးအခွင့်အရေးများ ပေးအပ်ခဲ့သည်ဟု နိုဝင်ဘာလက စွဲချက်တင်ခံခဲ့ရသည်။
အစ္စရေးနိုင်ငံကို ဆက်လက်ဦးဆောင်ရန်အတွက် လိုအပ်သည့်ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ၎င်းအပေါ် စွပ်စွဲချက်များသည် လုပ်ကြံဖန်တီးမှုများဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။
လာမည့်မတ်လတွင် ကျင်းပရန်လျာထားသည့် တစ်နှစ်အတွင်း တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်အချိန်မှသာ ဝန်ကြီးချုပ်နေတန်ယာဟု၏ မေတ္တာရပ်ခံချက်ကို စတင်စဉ်းစားမည်ဟု “ကေနတ်ဆတ်” ဟုခေါ်သည့် အစ္စရေးပါလီမန်က ပြောကြားသည်။
ယင်းကိစ္စသည် ရွေးကောက်ပွဲလှုပ်ရှားမှုအတွင်း အဓိကပြောဆိုဆွေးနွေးစရာ ကိစ္စတစ်ရပ်ဖြစ်လာဖွယ်ရှိနေသည်။ အကယ်၍ နေတန်ယာဟု၏ အစိုးရအဖွဲ့သည် လာမည့်ရွေးကောက်ပွဲတွင် မဲအများစုအနိုင်ရရှိခဲ့ပါက နေတန်ယာဟုသည် ၎င်း၏ဝန်ကြီးချုပ်ရာထူး ၁၀ နှစ်သက်တမ်းကို ဆွဲဆန့်နိုင်မည်ဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုစွဲချက်နှင့် အခြားစွဲချက်များမှ ပါလီမန်၏ ကင်းလွတ်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ဇော်လင်း

No comments:

Post a Comment