Wednesday, January 1, 2020

ကဘူးလ်မြို့တော်၌ လေထုညစ်ညမ်းမှုကြောင့်
တစ်ပတ်အတွင်း လူ ၁၇ ဦး သေဆုံး
No photo description available.
ကဘူးလ် ဒီဇင်ဘာ ၃၁
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်၌ ပြီးခဲ့သော သီတင်းပတ်အတွင်း အလွန်အမင်းလေထုညစ်ညမ်းမှု ကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဖီဒါမိုဟာမက် ပိုင်ကန်က ပြောကြားခဲ့သည်။
ပြီးခဲ့သောရက်သတ္တပတ်အတွင်း အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါခံစားရသည့် လူနာ ၈၀၀၀ ကျော် ဆေးရုံများသို့ လာရောက်ပြသခဲ့ပြီး ၎င်းတို့အနက် ၁၇ ဦး သေဆုံးခဲ့ကြောင်း ဖီဒါက ပြောသည်။ ကဘူးလ် မြို့တော်ကို ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးမြို့တော် များအနက် တစ်မြို့အဖြစ် သတ်မှတ်ထားသည်။ ထိုစိန်ခေါ် မှုကို ကျော်လွှားနိုင်ရန် အမျိုးသားပတ်ဝန်းကျင်အကာ အကွယ်ပေးရေးဌာနက ကဘူးလ်စည်ပင်၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းကာ ယမန်နေ့က လေထု ညစ်ညမ်းမှုတိုက်ဖျက်ရေးအစီအစဉ်တစ်ရပ် စတင်ဆောင် ရွက်ခဲ့ပြီး အပူပေးစနစ်တွင် အရည်အသွေးနိမ့်ပစ္စည်းများ အသုံးပြုသည့် စီးပွားရေးစင်တာ သို့မဟုတ် ဌာနများကို ပိတ်သိမ်းပစ်ရန် သတိပေးခဲ့သည်။
တောင်ကုန်းထူထပ်သော အာဖဂန်နစ္စတန်နိုင်ငံ၌ ပြည်သူများက ဆောင်းတွင်းချိန်၌ နေအိမ်များ၊ ရုံးခန်းများ နွေးထွေးစေရန် ကျောက်မီးသွေးအပါအဝင် အရည်အသွေး နိမ့်လောင်စာများကို သုံးစွဲကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment