Wednesday, January 1, 2020

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး




Image may contain: 3 people, sky, bridge and outdoor
နေပြည်တော် ဒီဇင်ဘာ ၃၁



ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူရနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြိတ်-တနင်္သာရီလမ်းအပိုင်း အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
တံတားတည်ဆောက်ရေးလုပ်ငန်းများကြည့်ရှု
ယင်းနောက် ပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်သည့် မင်းသန်း- မောင်းလှော်ကျေးရွာ ချင်းဆက်လမ်းပေါ်တွင် တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့(၄)မှ တာဝန်ယူတည်ဆောက်နေသော မင်းသန်း- မောင်းလှော်တံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ တည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်ဆင့် အရည်အသွေးစစ်ဆေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲ မှုများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး ရှင်းလင်းဆောင်ရှုရပ်မှ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
မင်းသန်း- မောင်းလှော်တံတားသည် အရှည်ပေ ၂၁၀၀ ရှိပြီး တံတားကြီး ပြီးစီးသွားပါက ကျွန်းစုမြို့နယ် ကျေးရွာ ၁၄ ရွာနှင့် တနင်္သာရီမြို့နယ် ကျေးရွာ တစ်ရွာ စုစုပေါင်း ၁၅ ရွာမှ လူဦးရေ ၁၅၂၈၀ ကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်ကာ ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြေးနန်းတိုင် - ကသာရိုင်-နန်းတော်ရာ ကျေးရွာချင်းဆက်လမ်းအခြေအနေကို လည်းကောင်း၊ အဆိုပါလမ်းပေါ်ရှိ အရှည် ၂၉၅ ပေ တောင်းရှည်တံတား တည်ဆောက်နေမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ရာသီမရွေးသွားလာနိုင်
ကြေးနန်းတိုင် -ကသာရိုင်-နန်းတော်ရာ ကျေးရွာချင်းဆက်လမ်းသည် အရှည် ၇ မိုင် ၄ ဖာလုံရှိပြီး ကျေးရွာ ၁၇ ရွာ၊ လူဦးရေ ၁၇၉၆၀ ကို အကျိုးပြု မည်ဖြစ်ကာ ရာသီမရွေးသွားလာနိုင်သော လမ်းတစ်လမ်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအား တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်မိုးဦးက မရင်းကြီးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း ၃ မိုင် ၂ ဖာလုံ ဆောင်ရွက်ထားရှိ မှု အခြေအနေကို လည်းကောင်း၊ အော်ကြီး - မမသောင် - အနောက်ဘန်လော- ရေပေါ် - အနောက်သမီးလှ - ဝမ်းနာ - တကူလမ်း မိုင် ၂၀ ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရေးအတွက် ကျေးလက်လမ်း၊ တံတားများ သည် အဓိကကျကြောင်း ၊ လမ်း၊ တံတားလုပ်ငန်းများ အချိန်မီပြီးစီးရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)မှ တည်ဆောက်နေသော တနင်္သာရီတံတား တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ညွှန်ကြားရေး မှူး(မြို့ပြ)ဦးကျော်မျိုးထွန်းက တံတားဆိုင်ရာအချက်အလက်များ၊ လုပ်ငန်း စီမံချက်နှင့်တိုးတက်မှု၊ အရည်အသွေးစစ်ဆေးခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်ဝင်းက တံတားချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များမှာကြားပြီး ရှင်းလင်းဆောင်ရှုရပ်မှ တံတားတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယခုတည်ဆောက်နေသည့် တနင်္သာရီတံတားသစ်သည် တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့နယ် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း လမ်း မိုင်တိုင်(၄၉/၄)နှင့် (၄၉/၆) အကြားတွင်တည်ရှိပြီး စုစုပေါင်း တံတား အရှည် ၁၄၄၄ ပေ ၊ မီတာ ၄၄၀ ဖြစ်ကာ တံတားအမျိုးအစားမှာ အုတ်မြစ်- 1.5m ø Bore Pile ၊ ကိုယ်ထည် - RC Concrete နှင့်အပေါ်ထည် -RC Girder, P.C Girder , Steel Box Girder နှင့် RC Decking တို့ ဖြင့် တည်ဆောက်ထားပြီး ယာဉ်သွားလမ်းအကျယ် ၂၈ ပေ ၊ လူသွားလမ်းတစ်ဖက်လျှင် လေးပေစီပါရှိ ကာ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေ ၊ အမြင့် ၃၃ ပေရှိပြီး ခွင့်ပြုအလေး ချိန်မှာ AASHTO HS (25-44) ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး ၈၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
သွားလာရေးလွယ်ကူအဆင်ပြေ
ယခင်တံတားဟောင်းသည် တစ်လမ်းမောင်း ဘေလီတံတားဖြစ်ပြီး သက်တမ်းကြာမြင့်လာသည်နှင့်အမျှ ကြံ့ခိုင်မှုအားနည်းလာသည့်အတွက် ယခု နှစ်လမ်းမောင်းတံတားသစ်ကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ တံတားကြီးပြီးစီးသွားပါက ခရီးသွားပြည်သူများ အချိန်တိုအတွင်း သွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment