Wednesday, January 1, 2020

ကင်မရွန်းဆိပ်ကမ်း၌ ဂရိရေနံတင်သင်္ဘောတိုက်ခိုက်ခံရ၊ သင်္ဘောသားရှစ်ဦးကို ပြန်ပေးဆွဲသွား
No photo description available.
အေသင် ဒီဇင်ဘာ ၃၁
သေနတ်သမားများက ကင်မရွန်းနိုင်ငံရှိ လိမ်ဘီဆိပ်ကမ်း တွင် ဂရိရေနံတင်သင်္ဘောတစ်စင်းကို ယနေ့တိုက် ခိုက်ခဲ့ပြီးနောက် သင်္ဘောသားရှစ်ဦးကို ပြန်ပေးဆွဲခဲ့ ကြောင်း ဂရိကုန်သွယ်ရေကြောင်းဝန်ကြီးဌာနက ပြောကြားသည်။
“ဟက်ပီးလေဒီ”ဟု အမည်ပေးထားသော အဆိုပါ ရေနံတင်သင်္ဘောပေါ်တွင် သင်္ဘောအမှုထမ်း ၂၈ ဦး ပါဝင် ပြီး ဂရိနိုင်ငံသားငါးဦး၊ ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦးနှင့် ယူကရိန်းနိုင်ငံသားတစ်ဦးတို့ကို ပြန်ပေးဆွဲခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဂရိနိုင်ငံသား စက်ဆရာတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင် ထားကြောင်း သိရသည်။
ကုန်သွယ်ရေကြောင်းဝန်ကြီး ယန်နစ်ပလေကီယိုတာ ကစ်သည် အခင်းဖြစ်မှုနှင့်ပတ်သက်၍ ဂရိနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရေနံတင်သင်္ဘောလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်သူ ကုမ္ပဏီတို့နှင့်အတူ အနီးကပ်စောင့်ကြည့် လေ့လာလျက်ရှိသည်။
သေနတ်သမားများသည် ပြန်ရွေးငွေတောင်းခံရန် အတွက် သင်္ဘောများအပေါ် တိုက်ခိုက်မှုများနှင့် သင်္ဘော အမှုထမ်းများအား ပြန်ပေးဆွဲမှုများကို အာဖရိကကမ်းရိုး တန်းတစ်လျှောက်တွင် မကြာခဏ လုပ်ဆောင်လေ့ရှိ သည်။
ပင်လယ်ဓားပြများသည် သင်္ဘောများနှင့် သင်္ဘော အမှုထမ်းများကို ပြန်ပေးဆွဲပြီး ယင်းသင်္ဘောများနှင့် သင်္ဘောအမှုထမ်းများအား ပြန်လွှတ်ပေးရေးအတွက် ပမာဏကြီးမားလှသော ပြန်ရွေးငွေကို တောင်းခံကာ ပြန်ရွေးငွေမရမချင်း သင်္ဘောများနှင့် သင်္ဘောအမှုထမ်း များကို တစ်ခါတစ်ရံ ရက်ပေါင်းများစွာကြာ ပြန်ပေးဆွဲလေ့ ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက အခြားသော ဂရိ ရေနံတင်သင်္ဘောတစ်စင်းကို တိုဂိုနိုင်ငံ၏ မြို့တော် လောမ်မှ ရေမိုင် ၁၀ မိုင်ခန့်အကွာတွင် သေနတ်သမားများ က စီးနင်းတိုက်ခိုက်ပြီး သင်္ဘောသားလေးဦးကို ပြန်ပေး ဆွဲခဲ့သည်။
ပြန်ပေးဆွဲသွားသည့် သင်္ဘောသားသုံးဦးကို ဒီဇင်ဘာ ၁၃ ရက်တွင် ပြန်လွှတ်ပေးပြီး ကျန်တစ်ဦးမှာ ပြန်ပေးဆွဲစဉ် သေဆုံးသွားကြောင်း သိရသည်။
သင်္ဘောသားသေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသူ များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသော် လည်း အဆိုပါသင်္ဘောသားသေဆုံးမှုသည် ပြန်ပေးဆွဲ သမားများ၏ လက်ချက်ကြောင့် သေဆုံးခြင်းမဟုတ်ဘဲ နေမကောင်းမှုကြောင့် သေဆုံးဖွယ်ရှိကြောင်း ရေနံတင် သင်္ဘောကုမ္ပဏီက ပြောကြားသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ

No comments:

Post a Comment