Friday, January 3, 2020

ဩစတြေးလျ၌ တောမီးလောင်မှုကြောင့် ယခုသီတင်းပတ်အတွင်း
ရှစ်ဦးသေ၊ အများအပြား ပျောက်ဆုံးနေ
No photo description available.
ဆစ်ဒနီ ဇန်နဝါရီ ၂
ဩစတြေးလျနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားသော တောမီးလောင်မှုကြောင့် ယခုသီတင်းပတ်အတွင်း လူရှစ်ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံး ကာ လူနေအိမ် ရာနှင့်ချီ ဆုံးရှုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။
တောမီးလောင်မှုကြောင့် နယူး ဆောက်ဝေးလ်ပြည်နယ်တွင် လူခုနစ်ဦး သေဆုံးပြီး ဗစ်တိုးရီးယားပြည်နယ် တွင် လူတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဒေသဆိုင်ရာ အာဏာပိုင်များ သည် တောမီးကြောင့် နယူး ဆောက်ဝေးလ်ပြည်နယ်၌ လူတစ်ဦး ထက်မနည်း ပျောက်ဆုံးပြီး ဗစ်တိုးရီး ယားပြည်နယ်တွင် အများအပြား ပျောက်ဆုံးမည်ဟု စိုးရိမ်ပူပန်လျက်ရှိ ကြသည်။
ထို့အပြင် တောမီးလောင်မှု ကြောင့် ယခုသီတင်းပတ်အတွင်း လူ နေအိမ် ၃၈၂ လုံး ပျက်စီးသွားသည်ဟုနယူးဆောက်ဝေးလ်ပြည်နယ် ကျေး လက်မီးသတ်ဦးစီးဌာနက ပြောကြား သည်။ သို့သော် တောမီးလောင်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို တာဝန်ရှိသူများက တွက်ချက်လျက် ရှိရာ လူနေအိမ် ပျက်စီးဆုံးရှုံးမှုအရေ အတွက်လည်း ထပ်တိုးလာဖွယ်ရှိသည် ဟု မီးသတ်ဦးစီးဌာနက ထပ်မံပြော ကြားသည်။
နယူးဆောက်ဝေးလ်ပြည်နယ် ကျေးလက် မီးသတ်ဦးစီးဌာနမှ အသက် ၂၈ နှစ်အရွယ် မီးသတ်တပ်ဖွဲ့ ဝင်တစ်ဦးသည် မီးငြှိမ်းသတ်နေစဉ် ဒီဇင်ဘာ ၃၀ ရက်က သေဆုံးခဲ့သည်။ ထို့အတူ နယူးဆောက်ဝေးလ်ပြည်နယ် ကိုဘာဂိုမြို့မှ အသက် ၆၃ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် ၂၉ နှစ်အရွယ် သား ဖြစ်သူတို့သည် ၎င်းတို့၏နေအိမ်ကို မီးဘေးမှကာကွယ်ရန် ကြိုးပမ်းလုပ် ဆောင်နေစဉ် ယင်းနေ့မှာပင် မီးလောင် သေဆုံးခဲ့ကြသည်။
ထို့အပြင် ဒီဇင်ဘာ ၃၁ ရက်က သက်ကြီးပိုင်းအမျိုးသားတစ်ဦး၏ ရုပ် အလောင်းကို နယူးဆောက်ဝေးလ် ပြည်နယ် လိတ်ခ်ဂျိူလာရှိ ၎င်း၏ နေအိမ်အပြင်ဘက်တွင် ရှာဖွေတွေ့ရှိ ခဲ့သည်။ ထို့အတူ လူနှစ်ဦးကို နယူး ဆောက်ဝေးလ်ပြည်နယ်ရှိ မီးလောင် ကျွမ်းခဲ့သော မော်တော်ယာဉ်များထဲ တွင် အသီးသီးရှာဖွေတွေ့ရှိခဲ့ပြီး ကျန် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုကိုဘာဂိုမြို့အနီးရှိ ၎င်း၏နေအိမ် အပြင်ဘက်တွင် ရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။
ထို့အတူ ဗစ်တိုးရီးယားပြည်နယ် အရှေ့ဂျစ်ပ်လန်းဒေသရှိ နေအိမ်ထဲ တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ကို အာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။ ယင်းဒေသမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကြကာ အစားအစာနှင့် ခိုလှုံရာနေရာများ ရရှိရေးအတွက် တာဝန်ရှိသူများက စစ်သင်္ဘောများနှင့် လေယာဉ်များဖြင့် ဇန်နဝါရီ ၂ ရက် တွင် အကူအညီများ ဆက်လက် လုပ်ဆောင်ပေးလျက်ရှိသည်။
ဒေသအတွင်း ရာသီဥတုအခြေ အနေသည် ယခုသီတင်းပတ်နှောင်း ပိုင်းတွင် လက်ရှိမီးလောင်မှုကို ပိုမို ဆိုးရွားစေမည့် အနေအထားရှိသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ခန့်မှန်း ထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ

No comments:

Post a Comment