Thursday, January 2, 2020

ကမ္ဘာကြီးအနေဖြင့် မဟာဗျူဟာမြောက် လက်နက်သစ်ကို တွေ့ကြုံရမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကြုံးဝါး
Image may contain: 1 person
ပြုံယမ်း ဇန်နဝါရီ ၁
ကမ္ဘာကြီးအနေဖြင့် မကြာမီကာလတွင် မြောက်ကိုရီးယား နိုင်ငံ၏ မဟာဗျူဟာမြောက် လက်နက်သစ်ကို တွေ့ကြုံရ မည်ဟု ခေါင်းဆောင် ကင်ဂျုံအန်က အာဏာရအလုပ်သမား ပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးတစ်ခု တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြ သည်။
ဒီဇင်ဘာ ၂၈ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးကို ကိုရီးယားဗဟိုရုပ်သံဌာနက ဖော်ပြခဲ့ပြီး ကင်ဂျုံအန်၏ မိနစ် ၄၀ ကြာ မိန့်ခွန်းပြောကြား မှုကို ထုတ်လွှင့်ပြသခဲ့သည်။ မိန့်ခွန်းအတွင်း အမေရိကန် နိုင်ငံက ဆွေးနွေးမှုများကို အချိန်ဆွဲခဲ့ကြောင်း ကင်ဂျုံအန် က ပြောကြားသည်။ ကုန်လွန်ခဲ့သည့် နှစ်ကုန်ဆွေးနွေးမှု ပြန်လည်စတင်ရေးနှင့်ပတ်သက်၍လည်း ၎င်းက ပြောကြား ခဲ့သည်။ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှု များတွင် အခက်အခဲကျော်လွှားရန် မြောက်ကိုရီးယား နိုင်ငံက အမေရိကန်နိုင်ငံအတွက် တစ်ဖက်သတ် တစ်နှစ် အချိန် သတ်မှတ်ပေးခဲ့သည်။
နျူကလီးယားလက်နက်များ စမ်းသပ်မှုနှင့် တိုက်ချင်း ပစ်ဒုံးကျည် (ICBM) များ ပစ်လွှတ်မှုရပ်တန့်မည်ဟု မြောက်ကိုရီးယားနိုင်ငံက ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ကတိပြုခဲ့သော်လည်း အမေရိကန်နိုင်ငံက အရေးယူမှုများ ရုပ်သိမ်းပေးခြင်းကို မတုံ့ပြန်ခဲ့ကြောင်း ကင်ဂျုံအန်က ပြောကြားသည်။ အမေရိကန်နိုင်ငံက ရန်လိုမှုများ ဆက်လက်ရှိနေပြီး တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ထောက်ပြ ခဲ့သည်။ ကင်ဂျုံအန်က အမေရိကန်နိုင်ငံနှင့် ကာလရှည် ထိပ်တိုက်တွေ့ဆုံနိုင်သည့် ဖြစ်နိုင်ခြေကို ရိုးတိုးရိပ်တိပ် ပြောခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ဟန့်တားမှုအတိုင်းအတာ နှင့် အင်အားမှာ အမေရိကန်နိုင်ငံ၏ အနာဂတ်သဘောထား အပေါ် မူတည်မည်ဟု ၎င်းက ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment