Thursday, January 2, 2020

အမေရိကန်-တရုတ် အဆင့်တစ် ကုန်သွယ်ရေးသဘောတူညီချက်ကို
ဇန်နဝါရီ ၁၅ ရက်တွင် လက်မှတ်ထိုးမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် ပြော
Image may contain: 1 person
ဝါရှင်တန် ဇန်နဝါရီ ၁
အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘော တူညီချက်တစ်စိတ်တစ်ပိုင်းကို ယခုလအလယ် တွင် လက်မှတ်ရေးထိုးမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် တရုတ် နိုင်ငံသို့ သွားရောက်မည်ဟု ယမန်နေ့က ကြေညာလိုက်သည်။
သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန် အချို့ကို လျှော့ချ သို့မဟုတ် ဖျက်သိမ်းကာ တရုတ်နိုင်ငံက ကုန်သွယ်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန်နှင့် အမေရိကန် လယ်ယာပို့ကုန်များ ပိုမိုဝယ်ယူရန် ကတိပြုခဲ့ သောကြောင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းတွင် “အဆင့်တစ်” ကုန်သွယ်ရေးသဘောတူညီချက် ကို ကြေညာခဲ့ပြီး နှစ်နှစ်နီးပါးကြာ ကုန်သွယ် ရေးစစ်ပွဲကို အရှိန်လျှော့ချခဲ့သည်။ သဘော တူညီချက်ကို တရားဝင် မကြေညာရသေးသော် လည်း အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားချက်မှာ နည်းပညာဆိုင်ရာ အမြင် တစ်ရပ်သာဖြစ်သည်။ “ဘက်စုံပါဝင်တဲ့ အဆင့် တစ် ကုန်သွယ်ရေးသဘောတူညီချက်ကို ဇန်နဝါရီ ၁၅ ရက်မှာ တရုတ်နိုင်ငံနဲ့ ကျွန်တော် လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။ အခမ်းအနားကို အိမ်ဖြူတော်မှာ ကျင်းပမှာ ဖြစ်ပြီး တရုတ်နိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်ပါမယ်” ဟု ဒေါ်နယ်ထရမ့်က တွစ်တာ၌ ရေးသားခဲ့ သည်။
သဘောတူညီချက်တွင် အသိဉာဏ် မူပိုင်ခွင့်၊ စားသောက်ကုန်၊ လယ်ယာထွက်ကုန်၊ ဘဏ္ဍာရေးလုပ်ငန်းနှင့် ပြည်ပငွေကြေးလဲလှယ် မှုတို့အတွက် အကာအကွယ်ပေးမှုများနှင့် အငြင်းပွားမှုဖြေရှင်းသည့် စည်းကမ်းချက် တစ်ခုတို့ ပါဝင်ကြောင်း အမေရိကန်နှင့်တရုတ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သဘော တူညီချက်သစ်အရ တရုတ်နိုင်ငံက အမေရိကန် ထုတ်လုပ်သူများ၊ လယ်သမားများ၊ စွမ်းအင် ထုတ်လုပ်သူများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထံမှ လာမည့် နှစ်နှစ်အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ တန်ကြေးရှိ ကုန်ပစ္စည်းများ ဝယ်ယူမည်ဟု ကတိပြုခဲ့ ကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စား လှယ် ရောဘတ်လိုင်သီဇာက ပြောသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment