Thursday, January 2, 2020

ရေကြီးရေလျှံမှုကြောင့် အင်ဒိုနီးရှား၌ ကိုးဦး သေဆုံး
Image may contain: 1 person
ဂျကာတာ ဇန်နဝါရီ ၁
နှစ်သစ်ကူးအကြိုနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင် ရေကြီးရေလျှံမှု များဖြစ်ပွားခဲ့ရာ လူ ကိုးဦးသေဆုံးပြီး ပြည်သူ ၁၃၀၀၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း အင်ဒိုနီးရှား သဘာ၀ ဘေးဒဏ်စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားသည်။ ထို့အပြင် အဆိုပါမိုးကြောင့် နေရာတချို့တွင် မြေပြိုမှုများဖြစ်ပွားပြီး ဒေသခံပြည်သူအများအပြားသေဆုံး ခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများက ဖော်ပြထားသည်။
ရေကြီးရေလျှံမှုကြောင့် လူဦးရေ သန်း ၃၀ ခန့် နေထိုင် ရာ ဂျကာတာမြို့ရှိ ရာနှင့်ချီသော ရပ်ကွက်များတွင် လျှပ်စစ် မီးပြတ်တောက်ခဲ့ပြီး တချို့သော ရထားလိုင်းများ ရပ်ဆိုင်း ကာ မြို့တော်ရှိ လေဆိပ်တစ်ခုကိုလည်း ပိတ်ပင်ခဲ့ရကြောင်း သိရသည်။
အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဓာတ်လိုက်ပြီး သေဆုံးကာ ကျန်သုံးဦးသည် ခန္ဓာကိုယ် အပူရှိန် အလွန်ကျဆင်းမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ဂျကာတာ သဘာ၀ဘေးဒဏ်စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲ ဆူဘီဂျိုက ပြောကြားသည်။
“ရေကြီးရေလျှံမှုဟာ တဖြည်းဖြည်းချင်း လျော့ကျလာ လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့်မိုးက ဆက်လက်ရွာနေမယ်ဆိုရင် ရေကြီးရေလျှံမှုဟာ ဆက်လက် ဖြစ်နေမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းပါး ကျိုးပေါက်ခဲ့ပြီး နောက် ရေ ၄ မီတာအထိ မြင့်တက်လာပြီး ရပ်ကွက်အတွင်း ရှိ သက်ကြီးပိုင်းစုံတွဲနှစ်ဦး ၎င်းတို့၏နေအိမ်တွင် ပိတ်မိခဲ့ သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျကာတာမြို့ ဆင်ခြေ ဖုံးရပ်ကွက်တွင် ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက မြေပြိုမှု များဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးပြီး တစ်ဦးသည် ရေနစ် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာက ဖော်ပြထားသည်။
သို့သော် ရဲတပ်ဖွဲ့ကမူ ရေကြီးရေလျှံမှုကြောင့် သေဆုံး မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိရာ သေဆုံးသူ ဦးရေကို အတိအကျ အတည်မပြုနိုင်သေးကြောင်း ပြောကြားသည်။
မြို့ပေါ်ရှိ ရပ်ကွက်အတော်များများသို့ ရေဝင်ရောက်ခဲ့ သောကြောင့် ဓာတ်လိုက်မည်ကိုစိုးရိမ်သဖြင့် တာဝန်ရှိသူများ က ရပ်ကွက်အများအပြားတွင် လျှပ်စစ်မီးဖြတ်တောက်ခဲ့သည်။
ဂျကာတာမြို့သည် နိုဝင်ဘာလ နှောင်းပိုင်းမှစတင် သည့် အင်ဒိုနီးရှားနိုင်ငံ၏ မိုးရာသီအတောအတွင်း ရေကြီး ရေလျှံမှုဒဏ်ကို ပုံမှန်ခံစားလျက်ရှိသည်။
ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - ဂျေတီ

No comments:

Post a Comment