Wednesday, January 15, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen အား လက်ခံတွေ့ဆုံ

Image may contain: 3 people, people smiling, people standing and indoor

နေပြည်တော် ဇန်နဝါရီ ၁၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ အပေါ် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် တည်ထောင်မှု (၆၅) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပသွားရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးနှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
သတင်းစဉ်

No comments:

Post a Comment