Wednesday, January 15, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba အား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting and indoor

နေပြည်တော် ဇန်နဝါရီ ၁၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ စေ့စပ်ညှိနှိုင်းသူများ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအား အကောင် အထည်ဖော်ရေး၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအား ကြီးလေးသောကျူးလွန်မှုများအပေါ် တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စများနှင့် ထိခိုက်ခံရသည့် ကလေးသူငယ်များအား ၎င်းတို့၏ သက်ဆိုင်ရာအသိုက် အဝန်းများသို့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment