Wednesday, January 15, 2020

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လေရှီးမြို့နှင့်လဟယ်မြို့တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ


Image may contain: 9 people
လဟယ် ဇန်နဝါရီ ၁၄
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ နိုင်သက်လွင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာရာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်၊ တိုင်းဒေသကြီးဝန်ကြီး များ၊ ဟုမ္မလင်းမြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ဟုမ္မလင်းလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊တာဝန်ရှိသူများနှင့် အတူ တပ်မတော်ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ကြပြီး လေရှီးမြို့သို့ ရောက်ရှိကြရာ လွှတ်တော် ကိုယ်စားလှယ်များ၊ မျိုးနွယ်စုအကြီးအကဲများနှင့်ဒေသခံတိုင်းရင်းသားများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် လေရှီးမြို့ တောင်ဇလပ်ရိပ်သာ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ရန် လာရောက်စဉ် လေရှီးမြို့သို့ ဝင်ရောက်ပြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တွေ့ဆုံခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက် ပါကြောင်း။
လေရှီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ တွင် လေရှီးမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် တက်ညီ လက်ညီ မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
ဤဒေသတွင် တာဝန်ကျသည့် ဝန်ထမ်းများအနေဖြင့် ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင် စေတနာပါပါဖြင့် မေတ္တာထားပြီး မိမိတာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဒေသခံတိုင်းရင်းသားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်တာဝန် ရှိသူများအချင်းချင်း တိုင်ပင်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လေရှီးမြို့ မြို့မိမြို့ဖဦးချစ်ညိုက လေရှီး မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြရာ နိုင်ငံတော်သမ္မတက နိုင်ငံတော်၏ရသုံးမှန်းခြေ ငွေစာရင်းနှင့် လုပ်ငန်းဦးစားပေး အစီအစဉ်များအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသ၏လိုအပ်ချက် များကို လုပ်ထုံးလုပ်နည်းနှင့်အညီ တိုင်းဒေသကြီးအစိုးရ မှတစ်ဆင့်တင်ပြသွားရန် လိုအပ်ကြောင်းပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံ ပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့် လေရှီးမြို့မှ ထွက်ခွာပြီး
လဟယ်မြို့သို့ ရောက်ရှိကြရာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မျိုးနွယ်စုအကြီး အကဲများနှင့် ဒေသခံတိုင်းရင်းသား များက ကြိုဆိုနှုတ်ဆက်ကြသည်။
တွေ့ဆုံ
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ သည် လဟယ်မြို့ မာလာတောင်ခန်းမ ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မြို့မိမြို့ဖ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ရန် လဟယ်သို့ လာရောက်စဉ်တွင် ယခု ကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မျိုးနွယ်စုအကြီးအကဲများ၊ တိုင်းရင်း သား ညီအစ်ကို မောင်နှမများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံခွင့်ရသည့်အတွက် အလွန် ဝမ်းမြောက်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ဝေးလံခေါင်သီသည့် နယ်စပ်ဒေသများ အားလုံး ဖွံ့ဖြိုးတိုးတက်မှု အကြား အလပ်မရှိအောင် မူဝါဒချမှတ်ပြီး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်ခရီးတည်း သွားကြသူများဖြစ်ပါကြောင်း၊ ဘိုးစဉ် ဘောင်ဆက် ရှေးနှစ်ပေါင်းများစွာ ကတည်းက ချစ်ကြည်ရင်းနှီးစွာ သွေးရင်းသားရင်းများကဲ့သို့ အတူ နေထိုင်ခဲ့ကြသူများ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းရင်းသားအရေးနှင့်ပတ်သက်လျှင် တိုင်းရင်း သားများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရှေးထုံးတမ်း အစဉ်အလာများကို ဖွံ့ဖြိုးတိုးတက် စေရန်၊ မြှင့်တင်နိုင်ရန်နှင့် ကာကွယ် ထိန်းသိမ်းနိုင်ရန်အပြင် တည်တံ့ခိုင်မြဲ စေရေးအတွက် ပြုစုပျိုးထောင်နိုင် အောင် အားပေးမြှင့်တင်လျက်ရှိပါ ကြောင်း။
တည်ငြိမ်အေးချမ်းရန် လိုအပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း အားလုံးတည်ငြိမ် အေးချမ်းရန် လိုအပ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးရရှိမှ ဖွံ့ဖြိုးတိုးတက်မှု သည် ထိရောက်မည်ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသည့် နေရာ တွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးသော်လည်း ရာနှုန်း ပြည့် အကျိုးခံစားခွင့်၊ အကျိုး သက်ရောက်မှု မရရှိနိုင်ပါကြောင်း။
တိုင်းရင်းသားဒေသများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် အစိုးရ တစ်ခုတည်းလုပ်ဆောင်၍ မရပါ ကြောင်း၊ အားလုံးတက်ညီလက်ညီ ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ် ပါကြောင်း၊ အထူးသဖြင့် အုပ်ချုပ်ရေး ပိုင်းတွင် တာဝန်ယူထားကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဥပဒေပြုရေးမှ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အဆင့်ဆင့်သော ဝန်ထမ်းများ၊ တရားစီရင်ရေးတွင် တာဝန်ယူထားသည့် ပုဂ္ဂိုလ်များအပါ အဝင် တရားရေးဝန်ထမ်းများအားလုံး က စိတ်စေတနာထက်သန်စွာဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း။
မိမိတို့ရည်မှန်းထားသည့် အုပ်ချုပ် ရေးပုံစံမှာ နိုင်ငံသူနိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးကို လွတ်လပ် မှုနှင့် လုံခြုံမှုပေးသည့် အုပ်ချုပ်ရေးမျိုး ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် တရားဥပဒေစိုးမိုးရေးကိုအထောက်အကူပြုသည့်အုပ်ချုပ်ရေးမျိုးဖြစ်စေလိုပါကြောင်း၊ ထို့အတူ နိုင်ငံသူနိုင်ငံသားများ၏ မူလအခွင့် အရေး၊ တိုင်းရင်းသားများ၏ မွေးရာပါ အခွင့်အရေးကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့် အုပ်ချုပ်ရေးပုံစံ ဖြစ်စေလိုပါကြောင်း။
အုပ်ချုပ်ရေးအပိုင်းတွင် တရား မျှတမှုရှိရန် လိုအပ်ပါကြောင်း၊ တရား မျှတမှုမရှိပါက တည်ငြိမ်မှုသည်လည်း မရှိနိုင်ပါကြောင်း၊ တရားမျှတမှုသည် အားလုံးနှင့်သက်ဆိုင်ပြီး နိုင်ငံသူ နိုင်ငံ သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ရသင့်ရထိုက် သည့် အခွင့်အရေးဖြစ်သည့်အပြင် ဒီမို ကရေစီ တည်ဆောက်ရေးအတွက် လည်း အခြေခံကျပါကြောင်း။
ဥပဒေများပြဋ္ဌာန်းနိုင်ရန် လိုအပ်
ဥပဒေပြုရေးမဏ္ဍိုင်တွင် တာဝန် ယူကြသည့်သူများ အနေဖြင့်လည်း ဥပဒေပြုရာတွင် မိမိတို့နိုင်ငံ၊ မိမိတို့ ဒေသနှင့် ဆီလျော်သည့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် လိုအပ်ပါကြောင်း၊ အခြေအနေ အချိန်အခါအပေါ်မူတည် ပြီး နိုင်ငံသူ နိုင်ငံသားများအတွက်၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အတွက် ရသင့်ရထိုက်သည့် အခွင့် အရေးများကို မှန်မှန်ကန်ကန်ရအောင် ဆောင်ရွက်စေလိုပါကြောင်း။
တရားရေးမဏ္ဍိုင် အနေဖြင့် လည်း တည်ဆဲဥပဒေများအတိုင်းဆောင်ရွက်သည့် တရားရေးမဏ္ဍိုင်ဖြစ် စေလိုပါကြောင်း၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေအတိုင်း ဆောင်ရွက်စေ လိုပါကြောင်း၊ ဥပဒေရှေ့မှောက်ရောက် ရှိလာလျှင် အားလုံးသည် အညီအမျှ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးရှိမှ မိမိတို့နိုင်ငံသည် ဒီမို ကရေစီခိုင်မြဲမည်ဖြစ်ပါကြောင်း၊ ဒီမို ကရေစီခိုင်မြဲမှလည်း မိမိတို့နိုင်ငံသူ နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးများ ရရှိမည် ဖြစ်ပါကြောင်း။
ကျေးဇူးသစ္စာစောင့်သိရန် လိုအပ်
ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲ သည့် လစာနှင့် ချီးမြှင့်ငွေကို ခံစားနေ ကြသည့်သူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အပေါ် ကျေးဇူး သစ္စာစောင့်သိရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို လေးစား လိုက်နာရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းတာဝန် ထမ်းဆောင်သည့် အခါ ဝတ်ကျေတမ်းကျေ ထမ်းဆောင် ခြင်းထက် စေတနာပါပါ မေတ္တာထား ပြီး ထမ်းဆောင်ပေးကြစေလိုပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူကို ကောင်းမွန်သည့် ဝန်ဆောင် မှု ပေးရမည်ဖြစ်ပါကြောင်း၊ ကောင်းမွန် သည့် ဝန်ဆောင်မှုပေးနိုင်သည်နှင့် အမျှ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို များစွာအထောက် အကူဖြစ်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်း သားများအားလုံးကို လုံခြုံမှုနှင့် လွတ်လပ်မှုကို အကာအကွယ်ပေး သည့် အုပ်ချုပ်ရေးပုံစံဖြစ်စေလိုပါ ကြောင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်က တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း ပြောကြား သည်။
လိုအပ်ချက်များ တင်ပြ
ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်း၊ လဟယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နောင်၊ နန်းယွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝမ်းလှ၊ လဟယ်မြို့မိမြို့ဖ ဦးချစ်တင်နှင့် လဟယ်မြို့နယ် နာဂ ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးပေါင်ခုတို့က နာဂဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြစ်သည့် စီးပွားရေး၊ လူမှုရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့နှင့်စပ်လျဉ်း ၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တင်ပြကြသည်။
နိုင်ငံတော်သမ္မတက တင်ပြချက် များနှင့်စပ်လျဉ်း၍ ဒေသလိုအပ်ချက် များကို အလေးထားမှတ်သားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ်မူတည်၍တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ကြိုဆိုနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် လဟယ်မြို့ရှိ နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိရာ သင်တန်းကျောင်းခန်းမ၌ ကျောင်းသား ကျောင်းသူလေးများက “ပြည်ထောင်စု အတွက် ထာဝစဉ်”တေးသီချင်း သီဆို ၍ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က လမ်းညွှန်အမှာစကား ပြောကြား ရာတွင် သားတို့ သမီးတို့အနေဖြင့် အချိန်ရှိခိုက် လုံ့လစိုက်၍ ပထမအရွယ် တွင် ပညာရှာမှီးရန်လိုအပ်ပြီး ဒုတိယ အရွယ်တွင် ပညာကိုအမှီပြု၍ ဥစ္စာရှာ မှီးနိုင်မည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးချ၍ ကျန်းမာရေးကို လိုက်စားစေလိုကြောင်း၊ လောင်း ကစား၊ မူးယစ်ဆေးဝါးများကို ရှောင်ရှား ပြီး ဘဝအတွက် ကြိုးစားစေလို ကြောင်း၊ မိမိဘဝတိုးတက်ရေးအတွက် ကြိုးစားသလို မိမိဒေသဖွံ့ဖြိုးတိုးတက် ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်သမ္မတက ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး သင်တန်းကျောင်းဝင်း အတွင်းရှိ စာကြည့်တိုက်၊ စားရိပ်သာ နှင့် အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုသည်။
ဆက်လက်၍ လဟယ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု အသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး သင်တန်းကျောင်းအတွင်း ရိုးရာဂျပ်ခုပ်နှင့် စက်ချုပ်သင်တန်း လေ့ကျင့်ဆောင်ရွက်နေမှုကို လှည့် လည်ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ သည် သင်တန်းသူများနှင့် ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများပေး အပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် လဟယ်မြို့ ပြည်သူ့ဆေးရုံ သို့ ရောက်ရှိကာ ဆေးရုံတွင် တက်ရောက်နေသည့် လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့် အာဟာရ အစားအစာများ ပေးအပ် သည်။
သတင်းစဉ်

No comments:

Post a Comment