Sunday, January 26, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Education World Forum တက်ရောက်




Image may contain: 4 people, people sitting and indoor, text that says 'THE education WORLD FORUM'
နေပြည်တော် ဇန်နဝါရီ ၂၅



ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် United Kingdom နိုင်ငံ လန်ဒန်မြို့တွင် ဇန်နဝါရီ ၁၉ ရက် မှ ၂၂ ရက်အထိ One Generation - What does it take to transform Education ခေါင်းစဉ်ဖြင့် ကျင်းပသည့် Education World Forum သို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် United Kingdom ပညာရေးဝန်ကြီး Mr. Gavin Williamson က အဖွင့်အမှာ စကားပြောကြားပြီး ပညာရှင်များက ပညာရေး သုတေသနတွေ့ရှိချက် အခက်အခဲများနှင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ခေါင်းစဉ် အလိုက် စာတမ်းများ ဖတ်ကြား ကြသည်။
ပူးပေါင်းဆောင်ရွက်ရေး
ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးသည် Department for International Development -DFID ဝန်ကြီး Mr. Andrew Stephenson နှင့်လည်းကောင်း၊ FCO Minister for Africa and Pacific, Ms. Heather Weeler နှင့်လည်းကောင်း၊ United Kingdom နိုင်ငံ Trade Envoy to South East Asia နှင့် လွှတ်တော် ကိုယ်စားလှယ် Mr. PanlSeully တို့နှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်း များတွင် United Kingdom နိုင်ငံက ကူညီပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် United Kingdom နိုင်ငံ Minister for Children and Families, Ms. Michella Donlon ဦးဆောင်ကျင်းပ သည့် Teacher Training and Soft & Employability Skill ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ASEAN Ministers Meeting သို့တက်ရောက်၍ United Kingdom နိုင်ငံနှင့် ASEAN နိုင်ငံများ ကြား ပညာရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ တက်ရောက်ဆွေးနွေး သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် United Kingdom နိုင်ငံ Minister of State for Universities, Science, Research and Innovation, Mr. Chris Skidmore ဦးဆောင်ကျင်းပ သည့် Roundtable discussion on Higher Education in the United Kingdom and International Collaboration in Mobility and Exchange သို့ တက်ရောက်၍ အဆင့် မြင့်ပညာနှင့် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ တက်ရောက်ဆွေးနွေးသည်။
အဆင့်မြင့်ပညာကဏ္ဍများ
ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ် အတွင်း အောက်စဖို့(စ်)မြို့ရှိ Oxfordshire Teaching School Alliance သို့လည်းကောင်း၊ လန်ဒန် မြို့ရှိ Advance H.E နှင့် University of Greenwich သို့သွားရောက်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆရာအတတ်သင်ပညာရေး ဆိုင်ရာကဏ္ဍနှင့် အဆင့်မြင့်ပညာ ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် လန်ဒန် မြို့ မြန်မာနိုင်ငံသံရုံးတွင် United Kingdom နိုင်ငံ၌ ပညာသင်ယူ နေသော မြန်မာကျောင်းသား ကျောင်းသူများ၊ မိသားစုများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြား ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment