Sunday, January 26, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မဒေါက်ဒေသ ဂျောင်းတာကျေးရွာအုပ်စု ကျေးရွာချင်းဆက် တံတားဖွင့်ပွဲတက်ရောက်




Image may contain: 6 people, people standing and outdoor
နေပြည်တော် ဇန်နဝါရီ ၂၅



အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး မဒေါက်ဒေသ ဂျောင်းတာကျေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတားဖွင့်ပွဲ နှင့် ပြွန်တန်ဆာမြို့ မူလတန်းကြိုကျောင်း ပန္နက်တင်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
မေတ္တာပေါင်းကူးတံတား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် ဂျောင်းတာ ကျေးရွာသို့ရောက်ရှိပြီး ညောင်လေးပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ညောင်လေးပင်မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ဂျောင်းတာကျေးရွာအုပ်စု ရပ်မိရပ်ဖတစ်ဦး တို့နှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနှင့် ညောင်လေးပင်မြို့နယ် မဒေါက်ဒေသ ဂျောင်းတာကျေးရွာအုပ်စုမှ ပြည်သူများ၏ ပူးပေါင်းထည့်ဝင် လှူဒါန်းငွေဖြင့် ဆောက်လုပ်ထားသော ဂျောင်းတာ ကျေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတား ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ကုန်ထုတ်လုပ်ငန်းများ လက်တွေ့အကျိုးပြုနိုင်မည်
ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်း ပြောကြားရာတွင် ပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာလွှတ်တော်များက တင်ပြကြပြီး ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့က ပူးပေါင်းဆောင်ရွက်ပေး ပါကြောင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ လိုအပ်ချက်များစွာရှိသော် လည်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးလက်ဒေသနေပြည်သူများသည် ၇၀ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်နိုင်ဆုံးဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ ယခုဖွင့်လှစ်ပေးသောတံတားသည် ဂျောင်းတာ၊ ဆာဆေး၊ သာယာစုနှင့် ကျောင်းရွာများရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ကုန်ထုတ်လုပ်ငန်းကိစ္စများတွင် လက်တွေ့အကျိုးပြုနိုင်မည် ဖြစ်ကြောင်း၊ ယခင် ကျေးရွာချင်းဆက်တံတားသည် သဘာဝဘေးဒဏ်များကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ကျေးရွာများရှိ ပြည်သူများ အခက်အခဲများကြုံခဲ့ကြရာ ထိုအခက်အခဲများကို ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့က ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်လည်း ကျေးလက်ဒေသနေ ပြည်သူအများစု၏ လတ်တလောအခက်အခဲများကို ဖြေရှင်းပေးရန်နှင့် အလျင် အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သောကိစ္စများကို အချိန်မဆိုင်း ဘဲ ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်းက ဂျောင်းတာကျေးရွာအုပ်စု ကျေးရွာ ချင်းဆက် မေတ္တာပေါင်းကူးတံတား တည်ဆောက်နိုင်ရေး ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဂျောင်းတာကျေးရွာအုပ်စု ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြွန်တန်ဆာမြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် Good Neighbour International အဖွဲ့တို့ ပူးပေါင်းဆောက်လုပ်မည့် မူလတန်းကြိုကျောင်း မြေနေရာ သို့ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment