Sunday, January 26, 2020

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ၁/၂၀၂၀ အစည်းအဝေးကျင်းပ




Image may contain: 2 people, people sitting, table and indoor
ရန်ကုန် ဇန်နဝါရီ ၂၅



ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင် သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) ၁ /၂၀၂၀ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရုပ်မြင် သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် လှထွန်းက ယခုအစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးပြုလုပ် သည့် အစည်းအဝေးဖြစ်ကြောင်း၊ တချို့အကြောင်းအရာများသည် လူ ကိုယ်တိုင် မျက်နှာချင်းဆိုင်တွေ့မှ ပြောဆိုတိုင်ပင်ဆွေးနွေး ပူးပေါင်း ဆောင်ရွက်ရမည့်အရာများ ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီလူ့ဘောင်တွင် မီဒီယာကို တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်၍မရကြောင်း၊ အားလုံး ရှင်သန်နိုင်မည့် အခင်းအကျင်းတစ်ခု ‌ပေါ်ထွန်းလာ‌အောင် ပူးပေါင်းဆောင် ရွက်မှသာ လုပ်ငန်းဆောင်ရွက်မှု ချောမွေ့မည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင် ရွက်၍မရနိုင်သည့် အကြောင်းအရာ များစွာရှိသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ မိမိတို့၏ လိုအပ်ချက် များကို အားလုံးရှေ့ ပွင့်လင်းမြင်သာ စွာ ပြောဆိုဆွေးနွေးကြစေလို ကြောင်းဖြင့် ပြောကြားသည်။
SD မှ HD သို့ ပြောင်းလဲ
ထို့နောက် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်က ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် များ၊ ငွေကြေးပေးသုံးမှုကိစ္စရပ်များ၊ စာချုပ်များ ပြင်ဆင်ရေးကိစ္စရပ်၊ ဒစ်ဂျစ်တယ် ရုပ်သံအစီအစဉ်ထုတ်လွှင့် မှုများ၏ စိန်ခေါ်မှုများ၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားကို SD မှ HD သို့ ပြောင်းလဲလွှင့်ထုတ် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယအင်ဂျင်နီယာ ချုပ် ဒေါ်ဇင်ဝါကြူက ရုပ်သံထုတ်လွှင့် ဆိုင်ရာများနှင့် ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး) ဦးဇေယျာမင်းက ယခင် ပြုလုပ်ခဲ့သည့် အစည်းအဝေး ၅/၂၀၁၉ ၏ ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို တင်ပြပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြားလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြ
ထို့နောက် မတ်လတွင်ကျင်းပ မည့် စတုတ္ထအကြိမ်မြောက် စက်မှု တော်လှန်ရေးဆိုင်ရာ နည်းပညာ အခွင့်အလမ်းများမှ အသံလွှင့်မီဒီယာ ဖျော်ဖြေမှုလုပ်ငန်းများအပေါ် သက် ရောက်မှုအလုပ်ရုံဆွေးနွေးပွဲ အစီ အစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် FM ရေဒီယို အသံလွှင့်လုပ်ငန်းများနှင့် ရုပ်မြင် သံကြားထုတ်လွှင့်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြ ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment