Sunday, January 26, 2020

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ဖွင့်ပွဲ တက်ရောက်




Image may contain: one or more people and people standing
နေပြည်တော် ဇန်နဝါရီ ၂၅



မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀)သည် မြန်မာနိုင်ငံအတွင်း လူမှုစီးပွားရေး ကူးလူးဆက်ဆံမှုဖြစ်စဉ်တွင် အလေးထားရမည့် မြန်မာ့လူ့စွမ်းအားအရင်းအမြစ် ဖြစ်သော လူငယ်လုပ်သားများ၏ ကျွမ်းကျင်မှုစွမ်းရည်ကို မှတ်ကျောက်တင် ပြသနိုင်မည့် ပွဲဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် မြန်မာ့စီးပွားရေး ဈေးကွက်အတွင်းရှိ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများစုဝေးဖော်ပြရာ အချက်အချာနေရာတစ်ခု ဖြစ်ပြီး စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ မူဝါဒချမှတ်သူများ၊ သက်မွေးပညာ လေ့ကျင့်သင်ကြားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုဇုန်များတွင် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများအတွက် ခွန်အား ဖြစ်စေမည့်ပြိုင်ပွဲဟု ဆိုနိုင်ပါကြောင်း။
လုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး
ယနေ့ကမ္ဘာ၏ ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်များ အဆင့်မြင့်နည်းပညာကို အခြေခံသော စီးပွားရေး၊ လူမှုရေး၊ စက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ကုန်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံတွင် တစ်ရှိန်ထိုးပြောင်းလဲ တိုးတက်နေပြီး နောက်ဆုံးပေါ် နည်းပညာအသုံးပြုသည့် Industrial 4.0 သို့ ရောက်ရှိနေသဖြင့် အချို့လုပ်ငန်းစဉ်များ၌ Industrial 4.0 ကို အခြေခံသော Education 4.0, HR 4.0, Economic 4.0, Marketing 4.0 နှင့် Banking 4.0 စသဖြင့် ခေတ်ကာလနှင့်အညီ ပြောင်းလဲအကောင်အထည်ဖော်လာကြသည်ကို တွေ့ရကြောင်း၊ အာဆီယံအဖွဲ့အနေဖြင့် အနာဂတ်နည်းပညာ၊ စျေးကွက် လိုလားချက်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကိုအခြေခံသည့် ASEAN Empowering 4.0 ကို အသွင်ပြောင်းလဲ အကောင်အထည်ဖော်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အနာဂတ် ကာလတွင် အင်အားပြည့်သည့် "Myanmar 4.0" ကို ဖန်တီးနိုင်ရန် လုပ်သား အင်အားစုကို အရည်အချင်းမြှင့်တင်ပေးခြင်းဖြင့် အရည်အချင်းအသစ်များ သင်ကြားပေးနိုင်ရန် အားထည့်ဆောင်ရွက်နေသော အချိန်ကာလဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှု များ၏ အဓိကရေသောက်မြစ်ဖြစ်သော အလုပ်အကိုင်ဆိုင်ရာ Competency များ၊ သင်ကြားရေးဆိုင်ရာ Curriculum များကို ခေတ်ကာလနှင့်အညီ version မြှင့်တင်ပြောင်းလဲပြင်ဆင်ရေးဆွဲရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားသည်။
ပြိုင်ပွဲများယှဉ်ပြိုင်နေမှုကြည့်ရှု
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀)ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး တပ်မတော်ခန်းမအတွင်း ခင်းကျင်းပြသထားသည်များနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် Myanmar Motor Corporation Public Co.,Ltd ဦးဆောင်သော မော်တော်ယာဉ်လုပ်ငန်းရှင်များ၊ Pyae Soan Win Naing Distribution Co.,Ltd (PSWN)၊ Zaya&Associate Group Co.,Ltd နှင့် ဆက်စပ်လုပ်ငန်းရှင်များ၊ Luxembourg Development Cooperation Agency (LuxDev), Swisscontact နှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)တို့မှ ပူးပေါင်းဆောင်ရွက်ကြပြီး မော်တော်ယာဉ်နှင့် လေအေးပေးစက် အလုပ်အကိုင် တို့၏ နောက်ဆုံးပေါ်ဆက်စပ်ပစ္စည်းများပြပွဲကိုလည်း ပူးတွဲကျင်းပလျက် ရှိသည်။
အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်
အဆိုပါပြိုင်ပွဲတွင် Automobile Technology, Refrigeration and Air-Condition, Electrical Installation, Restaurant Service နှင့် Cooking အလုပ်အကိုင်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လူငယ်များအနက် အရည် အသွေးပြည့်ဝသော လုပ်သားလူငယ်များကို စခန်းသွင်းလေ့ကျင့်ပြီး စင်ကာပူ နိုင်ငံတွင် ဇူလိုင်လအတွင်း ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှု ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment